ချစ်မိတဲ့ကြယ်☆ ~ Extra 1~

1.2K 64 0
                                    


Krist ;
အချိန်တွေက အကုန်မြန်လိုက်တာ အခုဆို ကျွန်တော်တို့သားလေး Kongpop တောင် ၁၁ နှစ် ပြည့်တော့မယ် သားလေးက အနေအေးတယ် တော်တယ် မဟုတ်မခံစိတ်နဲ့ နေတတ်တော့ ကျောင်းမှာ စံပြကျောင်းသားလေးပေါ့ ဒီနေ့လဲ သူတို့ကျောင်း ဆုပေးပွဲမှာ ပထမအဆင့်နဲ့ အောင်မြင်လို့ ဆုတက်ယူရတော့မယ်တဲ့လေ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းတဲ့ ကျွန်တော်တို့ သားလေးလဲ ~

Kongpop: Mar !

Krist: အင်း သားလေးနိုးလာပြီလား Mar မနက်စာ ဘာပြင်ပေးရမလဲ

Kongpop: ရတယ် Mar ရှိတာနဲ့စားမယ် Par ကော

Krist: Par လား ဧည့်ခန်းမှာလေ ဒီနေ့အလုပ်နားတော့ စာဖတ်နေမှာပေါ့ သားဒီနေ့ ဆုပေးပွဲသွားရမှာမလား

Kongpop: ဟုတ် ပြီးတော့ Par မွေးနေ့မလား Mar တို့ ဘာစီစဉ်ထားလဲဟင်

Krist: ပုံမှန်အတိုင်း ညနေကျမှ သားကိုလဲ ဂုဏ်ပြုရင်း မိသားစုပွဲလေးပဲ လုပ်မလားလို့ သားရဲ့ ဘာလို့တုန်း

Kongpop: ဘာမှမဖြစ်ပါဘူး Mar နဲ့ Par ကို သားတစ်ခု တောင်းဆိုစရာရှိလို့ပါ

Krist: ဘာမို့လို့ အဲ့လောက်တောင် စကားခံနေရတာလဲ သားလေးရဲ့ ပြောမှာသာပြောပါ

Kongpop: ဒီနေ့ Mar နဲ့ Par နှစ်ယောက်လုံး တူတူ သား … သားနဲ့ ကျောင်းကို တူ… တူတူလိုက်ခဲ့ပေးပါလားဟင်

Krist: Huh !!!

Kongpop: နော် Mar ဆို တစ်ခါမှ သားနဲ့ ကျောင်းကို မလိုက်ပေးခဲ့ဘူးလေ Par တောင် လိုက်ပေးဖူးသေးတယ် အဲ့ဒါကြောင့် ဒီနေ့တော့ တူတူ လိုက်ခဲ့ပေးပါနော် သားစင်ပေါ်မှာ ဆုတက်ယူနေတဲ့ပုံကို Par နဲ့ Mar ကို မြင်စေချင်လို့ပါ

Sing: Par တို့ လိုက်ခဲ့ပေးပါ့မယ်

Krist: P' Sing

Sing: မင်းတို့ပြောတာတွေ အကုန်ကြားပြီးပြီ သားလေးစိတ်ချမ်းသာအောင် လိုက်သွားပေးလိုက်ရအောင်နော် Kit

Kongpop: ဟာ တ… တကယ်နော် ပျော်လိုက်တာ အဲ့ဒါကြောင့် Par နဲ့ Mar ကို အရမ်းချစ်နေရတာ

Krist;
ကျွန်တော်တို့နှစ်ယောက်လုံးကို အာဘွားတချက်စီပေးပြီး အိမ်ပေါ် ခုန်ပေါက်ပြေးတက်သွားတဲ့ သားလေးရဲ့ ကျောပြင်ကို ငေးရင်း ကျွန်တော် မျက်ရည်အလိုလို ကျလာမိတယ် ~

ချစ်မိတဲ့ကြယ်☆Where stories live. Discover now