ချစ်မိတဲ့ကြယ်☆ ~Part 4~

1.5K 94 0
                                    


Krist: ဒါ ဒါဆို ခ...ခင်ဗျားကကော စုန်း...စုန်းမလား အမ် မဟုတ်သေးပါဘူး ယော...ယောင်္ကျားရီးဆိုတော့
စုန်းထီးလား ဟုတ်လားးး

Sing: ဘာာာ ဘယ်က စုန်းထီးရမှာလဲ ငါက လူမှ လူအစစ်ကွ ဒီရုပ်ဒီရည်နဲ့ လူကို ဘယ်လိုများကြည့်ပြီး စုန်းထီးလို့ပြောရတာတုန်း တကယ်ပဲ အံ့သြပ...မင်းသာ ဘယ်သူလဲ ဘယ်ကပေါ်လာပြီး လူကိုဝင်တိုက်တာလဲကွ ဟမ်

Krist: အော် မဟုတ်ဖူးဆိုလဲ ပြီးတာပဲ ခင်ဗျားက ကျနောလာတဲ့ လမ်းအရှေ့မှာ လာပိတ်ရပ်နေတော့ တိုက်မိတာပေါ့လို့ ဘယ်သူက အလကား အသားနာခံပြီးဝင်တိုက်ပါ့မလဲ ပြီးတော့ လူကိုများ အော်လား ငေါက်လားနဲ့ ခုလဲကြည့် လူကိုမေးတုန်းကမေးပြီး အဖက်မလုပ်ဘဲ ဘာတေ ကုန်းကုန်းကွကွနဲ့ ရှာနေပြန်တာတုန်းး

Sing: မင်းနဲ့စကားနိုင်လုဖို့ အချိန်မရှိဘူးကွ ဒီနားမှာ ခုနက
အလင်းဖြာသွားတာ မင်းလဲတွေ့လိုက်တယ်မလား
အဲ့ဒါ ကြယ်ကြွေတာနေမှာ အဲ့တော့ ကြယ်ရဲ့အကြွင်းအကျန်တေ ပျောက်မသွားခင် ရှာရမယ် ရှာရမယ်

Krist: ဘာ ဘယ်လို ကြယ်အကြွင်းအကျန် ဟုတ်လား ?

Sing: အေး တုံးလိုက်တာကွာ ကြယ်အကြွင်းအကျန်ဆိုတာ
အလင်းဓာတ်ကျန်နေမဲ့ ကျောက်တုံးကျောက်ခဲတေကိုပြောတာ

Krist: A hk ခင်ဗျားကို ဘယ်သူပြောတုန်း ကြယ်တေက
ကြွေပြီး အဲ့လို ကျောက်စိုင်ခဲလေးဖြစ်သွားတယ်လို့ ...
တကယ်တုံးပိန်းနေတာက ခင်ဗျားဗျ
ခင်ဗျားရှာနေတဲ့ ကြယ်ဆိုတာ ကျနော်ပဲ..

Sing: ဘ ဘာ ဘာာ မင်း မင်းက ကြယ်
ဟိုးးးးးးက ကြွေကြလာတဲ့ကြယ် ဟုတ်လား

Krist: ဟုတ်တယ် ဟုတ်တယ်လေ အဲ့ဒါ ကျနော်မှကျနော်အစစ်
ကောင်းကင်ကနေ သုံးရက်လောက်ကြာအောင်တောင် ဆင်းခဲ့ရတာနော် ဘာလဲ ဘာလာကြည့်နေတာလဲ မယုံသလို ဘာလိုလိုနဲ့ ဟွန့်

ဒါ...ဒါလေးက ကြွေကျလာတဲ့ ကြယ်
သာမန်လူတယောက်နဲ့ ထူးမခြားနားပဲ အသားဖြူဖြူ လုံးလုံးလေးနဲ့
ခလေးလေးလို နှုတ်ခမ်းလေးထော်ထော်ပြီး ရန်တွေ့နေတဲ့
ဒီကောင်လေးက ငါရှာနေတဲ့ ကြယ်လေးတဲ့လား
ကြည့်နေရင်းနဲ့ပဲ မယုံနိုင်စရာကောင်းလောက်အောင်
သူ့ခေါင်းပေါ်က တဖြည်းဖြည်း အလင်းတေဖြာလာတယ်လေ
Oh သူ ညာနေတာ မဟုတ်ဖူးပဲ

ချစ်မိတဲ့ကြယ်☆Where stories live. Discover now