ချစ်မိတဲ့ကြယ်☆ ~Part 22~

1.1K 76 0
                                    


Witch Na;

ကြယ်လေးနဲ့ ဟိုလူသား ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို တွက်ချက်ကြည့်တော့ လေသင်္ဘောတစီးပေါ် ရောက်နေတယ်လို့ အဖြေထွက်လာတယ် လေသင်္ဘောက ကောင်းကင်ပေါ်သွားနေတာမို့ အစွမ်းကို ချွေတာတဲ့အနေနဲ့ လေသင်္ဘောသွားရာ လမ်းကြောင်းနောက်ကို မြေပြင်ခရီးနဲ့ပဲ လိုက်ဖို့ ဆုံးဖြတ်ပြီး ခရီးနှင်ခဲ့တာ အခုဆို တလနီးနီးရှိတော့မယ်

Witch Na: Grrr အဲ့လေသင်္ဘောက ဘယ်တော့မှ မြေပြင်ပေါ်ဆင်းလာတော့မှာလဲ ကြယ်လေးငါ့လက်ထဲ မရောက်လာသေးခင် အစွမ်းတေ ကုန်သွားမှာစိုးလို့သာ သည်းခံနေရတာ အချိန်တေ အလဟဿကုန်လိုက်တာ Huuuu

' အော် ဟိုလမ်းဘေးမှာ စုန်းမတယောက်ပါလား ဘာလုပ်နေပါလိမ့် လမ်းခရီးတူရင် အဖော်ရလိုရငြား သွားမေးကြည့်မှပါ '

မြင်းလှည်းကို မလှမ်းမကမ်းမှာရပ်ခဲ့ပြီး အနားကပ်သွားတဲ့အထိ တဖက်က စုန်းမက မမြင်သေးဘဲ ...

Witch: ဟဲ့ Blue ငါ့မြင်းလှည်းထဲက ခုံယူလာပေးစမ်း

ပြောရင်း လက်ဖျောက်တချက်တီးလိုက်တော့ မြင်းလှည်းတံခါးလက်ကိုင်နဲ့ ခြေထောက်တဖက် တွဲပြီး ကြိုးချည်ခံထားရပြီး တံခါးဘောင်မှာ နားနေတဲ့ ငှက်အပြာလေးက လူအသွင်ပြောင်းပြီး မြင်းလှည်းထဲက ခုံကိုသွားယူပေးနေတာ တွေ့လိုက်ရတယ် အဲ့ဒါနဲ့ စုန်းမကို လှမ်းခေါ်မယ်အလုပ် ...

Witch: Ummm အဲ့ကြယ်စုတ်လေးက ခုထိ လေသင်္ဘောပေါ်ကနေ ခုထိကို မဆင်းလာသေးဘူး လိုက်ရတာ မောလို့သေတော့မယ် သူ့ကိုမြန်မြန်ရမှ စွမ်းအားအမြန်တိုးလာမှာ

Witch Na: ဘာာာ ဘာပြောလိုက်တယ်

Witch: ရှင် ရှင် ဘယ်သူလဲ ဘယ်နားက ပေါ်လာတာလဲ

Witch Na: အော် အဖော်လေးရမလား လာမေးခါမှ အကြံတူနေတဲ့သူနဲ့ တွေ့လိုက်ရတယ် ဒီမှာ နင်လို level နိမ့် စုန်းမကများ ငါနဲ့အပြိုင် ကြယ်ကို လုချင်နေတာလား ဟမ်

Witch: Oh P'... P' Na ကျမ တောင်း ..တောင်းပန်ပါတယ်
P' Na က နုပျိုနေတော့ ရုတ်တရက် မမှတ်မိလိုက်လို့ပါ ကြယ် ..ကြယ်ကိုလဲ မလုယူရဲပါဘူး မှားသွားပါတယ်

ချစ်မိတဲ့ကြယ်☆Where stories live. Discover now