Krist;
ကျနော် နဲ့ မနက်ကထိအတူ အကောင်းကြီး ရှိနေပြီး ဘာလို့ ရုတ်တရက်ကြီး P' ချစ်သူဆီ ပြန်သွားရတာလဲ ဆိုတာ ကျနော် မတွေးတတ်တော့ဘူး P' ရယ် ကျနော် ဘာအမှားများလုပ်မိလို့လဲ P' ကျနော့ကို တကယ်မချစ်ဘဲ သနားပြီး ချစ်တယ်ပြောခဲ့တာလားတကယ် မချစ်ခဲ့ဘူးလားဆိုတဲ့အတွေးကြောင့် Kristတစ်ယောက် ရင်ဘတ်က ဆစ်ခနဲအောင့်တက်လာတယ် ဒါပေမဲ့ တချက်အောင့်ပြီး ရပ်သွားတာမျိုးမဟုတ်ဘဲ ပိုပိုထိုးပြီး အောင့်လာရင်း လမ်းတောင်ဆက်မလျှောက်နိုင်တော့ဘဲ ပုံခနဲ လဲကျသွားတဲ့အထိ မခံမရပ်နိုင်အောင် နာကျင်လာခဲ့တယ်
Krist: အာ Krist ခံစားမလွယ်စမ်းနဲ့ အဲ့လိုမဟုတ်လောက်ဘူး P' ကို တိုက်ရိုက်မမေးသေးဘဲ ဘယ်လိုလုပ် အတိအကျသိနိုင်မှာလဲ ဟုတ်တယ် အားတင်းပြီး P' ဆီရောက်အောင်သွားရမယ် P' နဲ့တွေ့မှ ဘာလို့ထားခဲ့လဲဆိုတာ သေချာမေးရမယ် အွန်း P' မှာ အကြောင်းပြချက်ရှိကိုရှိမှာပါ ဟုတ်တယ် P' ဆီအရင်ရောက်အောင် သွားရမယ်
စိတ်လျှော့လိုက်တော့မှ ဝေဒနာက နဲနဲသက်သာလာတာနဲ့ မတ်တပ်ပြန်ထရင်း ရွာကို ဦးတည်ပြီး ဆက်လျှောက်လာခဲ့လိုက်တယ်
ဒီလိုနဲ့ အားတင်းပြီး လမ်းဆက်လျှောက်လိုက်တာ နာရီဝက်လောက်ကြာတော့ Wall ရွာတံတိုင်းကို လှမ်းမြင်လိုက်ရတာနဲ့ အချိန်ဆွဲမနေတော့ဘဲ အားကုန်သုံးရင်း ဂိတ်တံခါးပေါက်ကို အမြန်သွားလိုက်တယ်အပေါက်ဝနားရောက်တော့ ဂိတ်စောင့်ထင်ရတဲ့ ဦးလေးကြီးတယောက်ကို လှမ်းမြင်တာနဲ့ P' အကြောင်းမေးဖို့ အားရဝမ်းသာပြေးအသွား ရွာထဲ ခြေတလှမ်းဝင်ဖို့အလိုမှာ အနောက်က တယောက်ယောက် ဆောင့်ဆွဲလိုက်သလိုခံစားလိုက်ရတယ်လေ …
Krist: ဟာ ကျနော့ကို ဘာ .. ဘာလို့ဆွဲတာလဲ ခင်ဗျားက ဘယ်သူလဲ
Sing's Mom: ကြယ်လေး အဲ့ထဲဝင်လို့မရဘူးးး
Krist: အွမ် ကျ..ကျနော့ကို ကြယ်လေးမှန်းသိတယ်
Sing's Mom: သိတာပေါ့ အန်တီက ငှက်ပြာလေးလေ ကြယ်လေးနာမည်ပေးထားတဲ့ Blue ပေါ့
Krist: ဗျာ
Sing's Mom: ဟုတ်တယ် သားခုနက Wall ရွာထဲသွားမယ်ကြားလိုက်လို့ အမြန်လိုက်လာခဲ့တာ ကြယ်လေးတေက ဒီရွာထဲ ဝင်ခွင့်မရှိဘူးလေ ဒီရွာထဲ သဘာဝမဟုတ်တဲ့ ပညာတေ သာမန်မဟုတ်တဲ့သူတေ လုံးဝ ဝင်လို့မရအောင် ရှေးလူကြီးတေက အစီအရင်တေနဲ့ တားခဲ့ကြတာတဲ့
![](https://img.wattpad.com/cover/153140865-288-k3126.jpg)
KAMU SEDANG MEMBACA
ချစ်မိတဲ့ကြယ်☆
Fiksi PenggemarIntro Sing; လက်ထဲက ဖယောင်းတိုင်လေးကို မီးညှိပြီး ''ဘေဘီလွန် ဘေဘီလွန် Candleလေး ကြယ်ကြွေလေးဆီ ပို့ဆောင်ပေး'' လို့ ကျနော်ရွတ်လိုက်တာနဲ့ ရုတ်တရက်လေဟာနယ်ထဲရောက်သွားသလိုခံစားလိုက်ရပြီး ကွင်းပြင်ကျယ်တခုကိုရောက်သွားခဲ့တယ် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကျနော့...