ချစ်မိတဲ့ကြယ်☆ ~Part 33~

1K 63 1
                                    


Krist: Ahhh !!! P' … P' Sing

Sing;
ကျတော့ရဲ့ အသံကိုကြားပြီး P' Peter ကို ဓားနဲ့ ထိုးချဖို့ လုပ်နေတဲ့ စုန်းမ တချက်တွေဝေသွားတုန်း ကြယ်လေးဆီက အသံကိုလဲ တဆက်ထဲ ကြားလိုက်ရတယ်လေ

Sing: ဟင် Kit Kit လေး

Witch Na: ဟာ ကြယ် … ကြယ်လေး အ… အသက်ပြန်ဝင်လာပြီ ကျောက်သားတေလဲ တဖြည်းဖြည်း အရည်ပျော်လာနေပြီ 555 ကောင်လေးရေ မင်းပေါ်လာတာ အချိန်ကောင်းပဲဟေ့ ကဲ ညီမရေ တယောက်ပြီး တယောက် အပြတ်ရှင်းပြီး အမြန်အောင်ပွဲ ခံလိုက်ရအောင်ဟေ့ ha ha ha ha ha

Sing;
စုန်းမအသံကို ကြားတာနဲ့ ကျနော်လဲ အချိန်မဆွဲနေဘဲ ပါလာတဲ့ လျှပ်စီးဘူးကို အမြန်ဖွင့်ရင်း စုန်းမငယ်ကို ချိန်ပစ်ထည့်လိုက်တယ် ဒါပေမဲ့ ပထမဆုံးအကြိမ်ပစ်တာကြောင့်ကော လျှပ်စီးရဲ့ တွန်းကန်အားကြောင့်ကော လျှပ်စီးက လိုရာမရောက်ပဲ  နံရံတေကိုပဲ လျှောက်ပစ်မိနေတုန်း ကံကောင်းထောက်မစွာနဲ့ နံရံတစ်ဖက်က ပြန်ကန်လာတဲ့ လျှပ်စီးက စုန်းမငယ် တည့်တည့်ကို ထိပြီး စုန်းမငယ်လဲ ပစ်လဲကျသွားတော့တယ်

Witch Na: Grrrr တော်တော်ရှုပ်တဲ့ဟာတေ ငါ့ခလေးတေကို အထိနာအောင် လုပ်ပစ်တယ် ဒီထက်လဲ ဆုံးရှုံးစရာမရှိတော့လို့ နင်တို့ကို ဒီတိုင်း မထားဘူးဟေ့ ဒီတိုင်းမထားဘူး

Peter: ဒီတိုင်းမထားလို့ ဘာလုပ်ချင်လဲ ဟမ် စုန်းမစုတ် ငါ့ Jane လေးအတွက် နင့်ကို နုပ်နုပ်စင်းပစ်မယ် Yarrrrrr

P' Peter ပြောရင်း စုန်းမဆီ ပြေးသွားပြီး စုန်းမနဲ့ ဓားချင်းယှဉ်ချနေတုန်း ကျနော်လဲ ကြယ်လေးဆီ အပြေးသွားပြီး ကြိုးတေကို အမြန် ဖြည်ပေးနေမိတယ် ကြိုးအားလုံးပြေသွားမှ ကြယ်လေးကို အားပါးတရဖက်ထားလိုက်တော့ အေးစက်နေတဲ့ Kitလေးရဲ့ ခန္တာကိုယ်လေးက ဖြူဖျော့နေရာကနေ တဖြည်းဖြည်းနဲ့ ပန်းရောင်သန်းပြီး နွေးလာနေတယ်

Krist: ဟင့် ဟင့် P' ကျနော့ကို ထားခဲ့ပြီထင်နေတာ သိလား

Sing: ဘယ်လိုများ တွေးရက်လိုက်တာလဲ Kit လေးရယ် ဒီလို Kit လေးနဲ့ ခနလေးတောင် ဝေးမနေနိုင်တာကို ပစ်ထားစရာလား လို့

Krist: အဲ့… အဲ့ဒါဆို …

Sing: ရှုးးး Kitလေး ခု ပြောပြရမှာ ရှည်လို့ P' တို့ အေးဆေးမှ သေချာ ပြောပြမယ် ခုတော့ ဒီနေရာက အရင် အမြန်ဆုံးထွက်ပြေးကြမယ် နော်

ချစ်မိတဲ့ကြယ်☆Nơi câu chuyện tồn tại. Hãy khám phá bây giờ