ချစ်မိတဲ့ကြယ်☆ ~Part 30~

1K 66 0
                                    


Flash Back ~
Sing;
ဒီနေ့က ကျနော်နဲ့ ကြယ်လေး ခံစားချက်တေကို အပြန်အလှန်ရင်ဖွင့်ကြရင်း တရားဝင်ချစ်သူဖြစ်တဲ့ အမှတ်တရနေ့~
သူနဲ့ကျနော် ညစာစားပြီး တော်တော်နဲ့ မအိပ်ဖြစ်သေးဘဲ ကျနော်က ကုတင်ပေါ်မှာ မှီထိုင်ပြီး Kit ကို ရင်ခွင်လေးထဲထည့်… စကားတေအများကြီး ပြောရင်း တညတာကို ကုန်ဆုံးခဲ့ကြတယ်

Sing: Kitလေး

Krist: အွန်း P'

Sing: P' ကို ဘယ်လောက်တောင် ချစ်တာလဲဟင်

Krist: အာ P' ကလဲ ဘာတေ မေးနေတာလဲ မသိဘူးဗျာ

Sing: Kit ကလဲ ကိုယ်က သိချင်တာကို ...

Krist: အာ့ဆို P' အရင်ပြော ကျနော့ကို ဘယ်လောက်တောင် ချစ်လဲ

Sing: ဘယ်ကတည်းက ချစ်နေမိမှန်းတော့ P' လဲမသိခဲ့ဘူး Kit သရဲကြောက်တဲ့ညကလေ  P' စိတ်မထိန်းနိုင်ဘဲ နမ်းမိပြီးနောက်ပိုင်း ပိုပိုချစ်လာတာပဲ သိတာ ဟီးးး

Krist: ဘာာ အဲ့… အဲ့ဒါဆို အဲ့ညက အိပ်မက်မဟုတ်ပဲ P' ကျ..ကျနော့ကို တကယ်နမ်းခဲ့တာပေါ့

Sing: အမ် Kit .. Kit ကိုယ်နမ်းတာကို ခံစားရတယ်ပေါ့ ဟုတ်လား

Krist: အွန်း အိပ်မက်ထင်နေတာ အဟီးး

Sing: 555 ဖြစ်မှဖြစ်ရလေ Kitရယ် ကဲ ဒီတစ်ခါ Kit အလှည့်

Krist: အ..အဲ .. Kit အချစ်ဆိုတာကို မသိဘူး P'  ဒါပေမဲ့ P' ကျနော့ကို ရှောင်ပြီး စကားကြမ်းတေပြောတော့ အရမ်းဝမ်းနည်းခဲ့ရတာ P' သိလား အဲ့နောက်ပိုင်း P' မရှိဘဲ ကျနော်မနေနိုင်ဘူးဆိုတာ ပိုပိုသိလာပြီး ချစ်ခဲ့မိတာ

Sing: P' တောင်းပန်ပါတယ် Kit ရယ် တမင်ရည်ရွယ်ခဲ့တာ မဟုတ်ပေမဲ့ Kit ကိုစိတ်ဒဏ်ရာရစေခဲ့မိတာ P' အမှားပါ Kit ကို ပိုပိုချစ်မိသွားပြီး Kitက ငြင်းမှာကိုလဲ စိုးရိမ်နေမိခဲ့တာ အားလုံး P' အမှားတေပါကွာ ဟင့်

ကျနော်ပြောရင်း ကြယ်လေးကို တင်းတင်းကျပ်ကျပ် တိုးဖက်လိုက်တော့ ကျနော့ရင်ခွင်ထဲ ပိုတိုးဝင်လာပြီး တင်းကျပ်နေအောင် ပြန်ဖက်လာခဲ့တဲ့ ကြယ်လေး ~

Krist: အာ P' ကလဲ ပြီးခဲ့တာတေအတွက်နဲ့ မျက်ရည် ထပ်မကျပါနဲ့တော့ ခု ကျနော်တို့ အားလုံးအဆင်ပြေနေပြီပဲလေ နော် ဒီလိုပြောကြေးဆို ကျနော့ကြောင့် P' သေမလိုတောင်ဖြစ်ခဲ့တာလေ တကယ်လို့ အဲ့တုန်းက P' သာ သေသွားခဲ့ရင် ကျနော်လဲ လိုက်သေမိမှာ သိလား ဟင့် ဟင့်

ချစ်မိတဲ့ကြယ်☆Where stories live. Discover now