ချစ်မိတဲ့ကြယ်☆ ~Part 23~

1.1K 74 3
                                    


Sing: K..Kit ကို P' တို့ရွာကို ခေါ်သွားခိုင်းတာလား

Krist: ဟုတ်တယ် P'

Sing: အာာ ဘာ..ဘာလို့ခေါ်သွားရမှာလဲ

Krist: ဟင် ဘာ..ဘာလို့လဲဟင် P' ဆန္ဒဆို အဲ့ဒါကြောင့် ကျနော်ဖြည့်ဆည်းပေးချင်လို့လေ

Sing: အဲ့ အဲ့ဒါက အရင်ကဆန္ဒလေ အ.. အခုမှမဟုတ်တာ

Krist: ဒါဆို အခုဆန္ဒက ဘာလဲဟင် P' Sing
ကျနော်တတ်နိုင်ရင် လုပ်ပေးချင်လို့ပါ

Krist;
' ချစ်သူကိုလက်ဆောင်ပေးချင်တဲ့ ဆန္ဒက P' ရဲ့ အရင်ဆန္ဒတဲ့လား P' ဘာသဘောနဲ့ အဲ့လိုပြောလဲ မသိပေမဲ့ ကျနော် ပျော်မိသွားတာတော့ အမှန်ပဲ P'  '

Sing;
'အခုအဖြစ်ချင်ဆုံးက Kitလေးကို P' နား အမြဲခေါ်ထားပြီး ချစ်ချင်တာ ဂရုစိုက်ပြီး ကာကွယ်ပေးချင်တာ ဒါပေမဲ့ Kit ကလက်ခံပါ့မလား ခုပြောလိုက်ရကောင်းမလား အာာ တော် ..တော်ကြာ ငြင်းလိုက်ရင် ဘ...ဘယ်လိုလုပ်ရမလဲ Ahhhh စိတ်ရှုပ်လိုက်တာကွာ ဟူးးးးး '

Krist: P' P' Singgg

Sing: အ..အမ်

Krist: အော် Kit မေးနေတာလေ ဘာတေ
သက်ပြင်းချနေတာတုန်း P' ရဲ့

Sing: Ow...Kit ဘာ ..ဘာမေးလိုက်တာ

Krist: အော် P' ရဲ့ အခုဆန္ဒကိုမေးနေတာလေ

Sing: အ အာ အော် P' မားကို ရှာချင်တာ ဟုတ်..ဟုတ်တယ် P' မားကိုရှာချင်တာ P'ရဲ့ အခုဆန္ဒပဲ

Sing;
' Kit ရယ် P' အခုဆန္ဒကို Kit ကိုပြောလိုက်ရင် P' အနားက ထွက်သွားမှာစိုးလို့ မားကို အသုံးချလိုက်ရတာပါ ဒါ..ဒါပေမဲ့ မားကိုလဲ တကယ်ရှာချင်တယ်ဆိုတာတော့ လိမ်ညာတာမဟုတ်ပါဘူးကွာ P' တောင်းပန်ပါတယ် '

Krist: အာ့ဆို P' မားအကြောင်းပြောပြလေ Kit
ကူညီလို့ရတာရှိရင် ကူညီရအောင်

Sing: P' ကလဲ တခုမေးပါအုံးမယ် Kit က P' ကို ဘာလို့ အဲ့လောက် ကူညီချင်နေရတာလဲ

Krist: အဲ့ အဲ့ဒါကလေ ဟို ဟွာလေ အာာ တကယ်တော့ ကျနောတို့ ကြယ်ကြွေရတဲ့ အကြောင်းရင်းရှိတယ် P' ရဲ့ ဒီမြေပြင်တနေရာမှာ ကျနော်တို့ရဲ့ အိပ်မက်နန်းတော်ဆိုတာရှိတယ်

Sing: အိပ်မက်နန်းတော် !!

Krist: ဟုတ်တယ် အဲ့ဒီကိုသွားဖို့ လူသားတဦးရဲ့ စစ်မှန်တဲ့ ဆန္ဒတခုကို ဖြည့်ဆည်းပေးဖို့လိုတယ် အဲ့ဒါကြောင့် P' ကို ကူညီချင်တာပါ

Krist;
' တောင်းပန်ပါတယ် P' Sing ကျတော်လိမ်ခဲ့မိတဲ့အတွက် တကယ်တော့ အိပ်မက်နန်းတော်ကိုသွားချင်တာထက် ကျနော် P' နားမှာ အချိန်ခနလေးပဲဖြစ်ဖြစ်ရသလောက် ဆက်နေချင်သေးလို့ပါ '

Krist: ကဲ အဲ့ဒါဆို P' မားအကြောင်းပြောပြချင်ပြီလား

Sing: Umm Ommm ပြော ..ပြောပြမှာပေါ့ Kitရဲ့ ဒီလို ...

Krist: Ahhh အဲ့ဒါဆို အဲ့မှော်ဝင်ရွာကြီးက အဓိက သဲလွန်စပေါ့

Sing: Omm P' Peterကို အဲ့ဒီရွာဘယ်နားရှိလဲ  တခါမေးဖူးတယ် အဲ့ရွာက P' တို့ အခုပြန်တဲ့လမ်းမှာပဲရှိတယ်တဲ့

Krist: Wow အဲ့ဒါဆို အခုသွားရင်း ဝင်ရှာလို့ရတာပဲ အဆင်ပြေတာပေါ့ P' ရဲ့ P' မားကို ရှာတွေ့တဲ့အထိ ကျနော် P' နားမှာနေပြီး ကူညီပေးမယ်နော်

Sing: အေးပါကွာ မကူညီရင်နေပါ အရှုပ်ထုတ်တေတော့ မလုပ်ပါနဲ့ 555555

Krist: P' နော် စကားကောင်းပြောနေတာကို လာဆွပြန်ပြီ ဟွင့်

Sing: ချစ်လို့ စတာပါ ခလေးက ကြိုက်ဖူးလား လို့

Krist: ဟာာ P' နော် ပြောလေကဲလေပါလား

Sing : အေးပါ အေးပါ မစတော့ဘူးနော်

Sing; Krist: ha ha ha ha ha

Sing;
ကြယ်လေးကို ခိုးကြည့်လိုက်တော့ ပါးချိုင့်လေးတေ ပေါ်တဲ့အထိကို အားရပါးရ ရယ်နေတာ ဒီလို စွဲမက်စရာ အပြုံးလေးနဲ့ ဖြူစင်တဲ့ကလေးကို အနားမှာ အမြဲထားချင်မိတဲ့ ကိုယ်ဟာ မင်းရဲ့အိပ်မက်တေကို နှောင့်နှေးစေတဲ့ အတ္တကြီးသူများ ဖြစ်သွားလား ကြယ်လေးရယ် ..

မားကိုတော့ တောင်းပန်ပါတယ် ဒါပေမဲ့လေ မားကို ရှာမတွေ့ခင်အချိန်ထိ Kitသာ အနားမှာရှိမယ်ဆိုရင် မားကို ရှာမတွေ့ချင်သေးဘူး လမင်းကြီးရယ် '

Krist;
' P' ရယ် စပြီးပြောတဲ့ ချစ်လို့ ဆိုတဲ့စကားလေးကတောင် ကျနော့ရင်ကို ဒီလောက်ဗြောင်းဆန်သွားစေတာ P' သိလား ကျနော်လေ P' ကို ဘယ်အချိန်ထဲက စချစ်မိမှန်းမသိပေမဲ့ သိတဲ့အချိန်မှာ ဘယ်လိုမှ နောက်ပြန်ဆုတ်လို့မရတော့အောင် P' အတွက် အရာရာ ပေးဆပ်ချင်နေခဲ့ပြီလေ

ကျတော်တတ်နိုင်တဲ့အချိန်ထိ P' နားမှာ နေနိုင်ဖို့အတွက် P' မားကို မြန်မြန်မရှာတွေ့စေချင်သေးဘူးဆိုတာ P' သိရင် စိတ်ဆိုးသွားမှာလား လမင်းကြီးရယ် '

ဒီလိုနဲ့ ကောင်းကင်ကို မော့ကြည့်ရင်း ရယ်မောနေတဲ့ ကောင်လေးနှစ်ယောက်မှာ တူညီတဲ့ နှလုံးသားတခုစီနဲ့ တူညီတဲ့ ဆန္ဒတခုစီ ကိန်းဝပ်နေခဲ့တယ်ဆိုတာ လမင်းကြီးပဲ သိလိုက်မယ် ထင်ပါရဲ့ ...

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>

ချစ်မိတဲ့ကြယ်☆Where stories live. Discover now