ချစ်မိတဲ့ကြယ်☆ ~Part 16~

1.1K 78 0
                                    


Krist;

P' Peter နဲ့ စကားပြောနေပေမယ့် စိတ်က P' Sing ဘာဖြစ်သွားလို့လဲ ဆိုတာကိုပဲ ခေါင်းထဲ ရောက်နေတယ် အဲ့ဒါနဲ့ မနက်စာကို အမြန်စားပြီး အခန်းထဲပြန်လာတော့ P' Singက ကျနော့ကို မြင်တာနဲ့ အခန်းထဲက ထွက်သွားဖို့လုပ်တယ်လေ

Krist: P' ဘယ်သွားမလို့လဲ

Sing: မင်းက မေးပြီး ဘာလုပ်မလို့လဲ

Krist: ဟို ဟို မဟုတ်ပါဘူး ကျနော်လဲ တယောက်ထဲ ပျင်းနေတာနဲ့ P' Sing နဲ့လိုက်မလားလို့ ပါ

Sing: အာာ မလိုက်နဲ့ကွာ အားအားယားယား ဘာလိုက်လုပ်မှာလဲ

Krist: P' ..P' Sing ကို ကျနော် ဘာအမှားလုပ်မိလို့လဲဟင်
P' ကျနော့ကို ဘာလို့ ရှောင်နေတာလဲ

Sing: ဟ မင်းကို ဘယ်သူက ရှောင်နေလို့လဲ ငါ့ဘာသာငါ
Rome ကို ပြောစရာရှိလို့ အပြင်သွားမှာကို မင်းလိုက်လာလဲ ရှုပ်လို့ပြောတာ မင်းဘာသာမင်း လျှောက်တွေးမနေနဲ့

ပြောပြီး ထွက်သွားတဲ့P' Singရဲ့ ကျောပြင်ကို ငေးကြည့်ရင်းးးးး
' P' ဘာလို့ ဒီလို နေ့ချင်းညချင်း ပြောင်းလဲသွားတာလဲ ငါ ငါဘာလုပ်လိုက်မိလို့လဲ စိတ်မကြည်မှန်းသိလို့ အလျှော့ပေးပြီး တောင်းပန်နေတာကိုတောင် လူကို အဲ့လို လျစ်လျူရှုစရာလား '

Krist: ရတယ်လေ Kristတဲ့ တKristထဲရှိတယ် သူတောင်နေနိုင်သေးတာပဲ ငါက ဘာလို့မနေနိုင်ရမှာလဲ ဟွန့် သူမခေါ်တော့ စမဲ့သူမရှိလို့ ပိုတောင်အေးဆေးနေရသေးတယ် 

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>

ကျနော်လဲ မနက်စာစားတာ နောက်ကျတာနဲ့ နေ့လည်စာကို ထွက်မစားတော့ဘဲ အခန်းထဲမှာ အိပ်ပျော်သွားတာ Rome လာနှိုးမှပဲ နိုးသွားတော့တယ် ဟင် P' Sing တနေ့လုံး အခန်းထဲပြန်မလာတာလားးး

Krist: P'တို့ကော

Rome: Cap နဲ့ P' တို့က စားပြီးသွားပြီ P' Krist ကိုလဲ စားပြီးတာနဲ့ လျှပ်စီးဖမ်းတဲ့နေရာကို လိုက်ခဲ့ဖို့ ပြောလိုက်တယ်

Time Skip~

Peter: လာပြီလား ရော့ ဒီမိုးကာလေး ဝတ်ထားလိုက် ခနနေ မိုးသည်းလာတော့မယ်

ချစ်မိတဲ့ကြယ်☆Where stories live. Discover now