ချစ်မိတဲ့ကြယ်☆ ~Part 25~

1.1K 77 0
                                    


Witch: Ummm Witch Na နဲ့ တွေ့လိုက်လို့ ကံဆိုးပြီး ကြယ်ကိုလက်လွှတ်လိုက်ရပေမဲ့ လူသားနဲ့တွေ့တာလဲ မဆိုးပါဘူး ကဲ ကဲ ကောင်လေး မင်းကို ငါ အန္တရာယ်မပြုဘူးနော် ကတိအတိုင်း မင်းကို မှော်ရွာထိ ငါခေါ်သွားပေးမှာပါ အေး အဖိုးအခကတာ့ ဒီလို အကောင်အဖြစ်ပြောင်းလိုက်ပြီး မင်းရဲ့ ကိုယ်ခံအားတချို့ကို စုပ်ယူလိုက်ရုံပါပဲ အနားယူလိုက်ရင် ပြန်အဆင်ပြေသွားမှာ ဟုတ်ပြီလား ha ha ha ha ha

စုန်းမက ပြောပြောဆိုဆိုနဲ့ P' Sing ကို လှည်းပေါ် တင်လိုက်တာ မြင်ပေမဲ့ ကျနော် အဲ့စုန်းမကို ဘာမှလုပ်လို့မရဘဲ ထိလို့ကိုင်လို့ကိုမရဘူးဖြစ်နေတယ်

Krist;
' မ..မဖြစ်ဘူး လှည်းက ပြန်ထွက်တော့မယ် မမြင်ရတော့လဲ နောက်ကနေ ခိုးလိုက်သွားတာပေါ့ P' Sing ကို အပါခံလိုက်လို့မဖြစ်ဘူး '

ကျနော်လဲ အများကြီး တွေးမနေတော့ဘဲ ထွက်ခါစလှည်းပေါ်
အမြန် ပြေးတက်လိုက်ခဲ့တော့တယ် လှည်းပေါ်ရောက်လို့ P' Sing ကိုရှာဖို့ လှည်းပေါ်ကိုကြည့်လိုက်တော့ .…

' Uhh ! ပန်းပင်ပေါင်းစုံပဲ ဘူးလေးတေ ပန်းအိုးအသေးလေးတေနဲ့ ဈေးရောင်းတာထင်တယ် ပုံစံလေးတေကလဲ သာမန်ပန်းမျိုးတေနဲ့ မတူဘူး ဟော ငှက်လှောင်အိမ်လေးလဲ ရှိတာပဲ အထဲမှာ အပြာရောင်ငှက်လေးပါလား အာာ P' Sing ကိုတွေ့ပြီ
P' Singကိုလဲ လှောင်အိမ်လေးထဲမှာ ထည့်ထားပါလား '

P' Sing ကို ထည့်ပြီး ချိတ်ထားတဲ့ လှောင်အိမ်လေးကိုတွေ့တာနဲ့ ချိတ်ထားတဲ့နေရာက ဖြုတ်ပြီး ခုံပုလေးပေါ်တင်လိုက်တယ် ကျနော်လဲ အဲ့ခုံလေးနားမှာ ထိုင်ချပြီး ကျနော့ကို မျက်လုံးဝိုင်းကြီးတေနဲ့ ပြူးကြည့်နေတဲ့ P' Sing ကြွက်ဖြူလေးကို ကြည့်လိုက်မိတယ်

Krist: ဟူးးးးးး ဟိုဘွားတော်သာ ကတိတည်ရင် မှော်ရွာ ရောက်တာနဲ့ P' က လူသားပြန်ဖြစ်မှာပဲ ငါလဲ ခုအခြေအနေကို ဘာမှ မလုပ်ပေးတတ်ဘူး အဲ့တော့ ခုလို P' သေးသေးလေးဖြစ်နေတုန်း P' နားမှာနေပြီး စောင့်ရှောက်ပေးရမယ် ဟုတ်တယ်

ကျနော်လဲ P' နားမှာထိုင်ပြီး P' ကြွက်ဖြူလေး ကို ကြည့်နေရင်းနဲ့ အလိုလိုရယ်ချင်လာကော

ချစ်မိတဲ့ကြယ်☆Where stories live. Discover now