ချစ်မိတဲ့ကြယ်☆ ~Part 19~

1K 68 0
                                    


Krist;

Krist ဘာတေ အဲ့လောက်စဉ်းစားနေတာလဲ P' Sing ကို အရင်ကယ်ရမှာလေ မင်းရှက်တာက ဘာအရေးလဲ ဟုတ်တယ် Krist.. P' Sing က အရေးကြီးဆုံးပဲ

ကျနော် အပေါ်ဝတ်ကိုအရင်ချွတ်လိုက်တယ် ပြီးတော့မှ P' Singကို ပွေ့ချီမရင်း P' Sing ရဲ့ အပေါ်ဝတ်ကိုပါချွတ်လိုက်တယ် နောက် နံရံမှာ မှီပြီး ထိုင်နေတဲ့ပုံအတိုင်း ကုတင်ပေါ်ပြန်ချပေးလိုက်တယ် အခုဆို ကျနော်တို့နှစ်ယောက်လုံး အပေါ်ပိုင်းဗလာကျင်းဖြစ်သွားပြီ

ကျနော် P' Sing နားကပ်သွားရင်း Lord Andrew ရဲ့ စကားတေကို ပြန်လည်ကြားယောင်နေမိတယ်

Flash back~

Krist: ကျ..ကျနော်မျိုး စတေးရမဲ့အရာ အဲ့တာဘာများလဲ အရှင်

L' Andrew: အဲ့တာ မင်းရဲ့အသက်ပဲ

Krist: ဗျာ...ကျ .. ကျနော်

L' Andrew: ဘာလဲ တွေဝေနေပြီလား

Krist: မ .. မဟုတ်ပါဘူး အရှင် ကျနောမျိုးအသက်က အဲ့လို လူကယ်နိုင်လောက်တယ်ဆိုလို့ အံ့သြမိလို့ပါ

L' Andrew: ကယ်နိုင်တာပေါ့ မင်းဟာ ကြယ်လေးတလုံးပဲလေ တကယ်တော့ ကြယ်တချို့မှာ ကိုယ်တိုင်တောင် သတိမထားမိတဲ့ ကိုယ်ပိုင်အစွမ်းတေပါလာတတ်တယ်ကွ

Krist: အစွမ်းး အဲ့တာဆို ကျနောမျိုးမှာ အစွမ်းရှိနေတာပေါ့ ဟုတ်လား အရှင်

L' Andrew: အင်း အဲ့ဒါကို ဘယ်သူမှ ကြိုမသိနိုင်ဘူး
အစွမ်းတေက သူထွက်ပေါ်လာရမဲ့အချိန်တန်ရင်
အလိုလို ပေါ်လာတတ်တာမျိုးဆိုတော့

Krist: ဒ..ဒါဆို အခု အသက်က ...

L' Andrew: အော် အဲ့ဒါက အစွမ်းနဲ့မဆိုင်ဘူး မင်းအသက်ကို သူ့အတွက် စတေးလိုက်လို့ မင်းကသေသွားမှာမဟုတ်ဖူး ဒါပေမဲ့ မင်းတို့နှစ်ယောက်ဟာ စိတ်ချင်းဆက်သွားပြီး တသားတည်း ထပ်တူကျသွားမယ် တယောက်ဒဏ်ရာရရင် တယောက်လဲ လိုက်နာကျင်မယ် တယောက်ဖျားရင် တယောက်လဲ လိုက်ဖျားမယ် ကုန်ကုန်ပြောရရင် တယောက်သေရင် နောက်တယောက်လဲ လိုက်သေသွားနိုင်တယ်

Krist: ...

L' Andrew: အဲ့ဒါကြောင့် မင်းကိုငါ သေချာ စဉ်းစားခိုင်းနေတာ ဒီလူသားဟာ မင်းအတွက် မင်းအသက်ကို စတေးရလောက်တဲ့အထိ ထိုက်တန်တဲ့သူလားဆိုတာကိုပေါ့

Krist: ကျနော် ဆုံးဖြတ်ပြီးပါပြီ အရှင် ကျနော်မျိုး အသက်ကို စတေးခံပါ့မယ်

L' Andrew: ကောင်းပြီ ဒါဆို ဒီလိုလုပ်
{………………………………………………}

Krist: Oops တကယ်ကြီး အဲ့လို လုပ်ရမှာလား

L' Andrew: ဘာလဲ မလုပ်နိုင်ဘူးလား

Krist: မ..မဟုတ်ပါဘူး လုပ်ပါ့မယ် အရှင်

L' Andrew: တကယ်တော့ ဒီလို နည်းနဲ့ ဒီလူသားကို မကယ်တင်ပေးသင့်ပေမဲ့ ငါ မင်းခံစားနေရတာ မမြင်ရက်တော့လို့ ကူညီပေးဖို့ လာခဲ့တာ ပြီးတော့ ကြယ်ကြွေလေးတေကို  ဒီလိုကူညီပေးနိုင်တာ ဒါပထမဆုံးဖြစ်လို့ပဲ

Krist: ဘာလို့လဲဆိုတာ သိခွင့်ရှိမလား အရှင်

L' Andrew: မင်းတို့ဟာ ကြွေသွားတဲ့ ကြယ်ကလေးတေ ဖြစ်ပေမယ့် ငါ့ကလေးတေပါပဲ ဒါပေမဲ့ နယ်နိမိတ်စည်းအရ မြေပြင်ပေါ် ရောက်သွားတဲ့ ကြယ်လေးတေကို ငါတို့မှာ ကာကွယ်ပေးခွင့် မရှိဘူးလေ

မင်းတောင် အခု နယ်နိမိတ်စည်း အလယ်မှာ ရောက်နေတဲ့ ကြယ်ကြွေလေးဖြစ်နေလို့ ကူညီနိုင်ခဲ့တာ နောက် မြေပြင်ပေါ်ရောက်သွားရင်လဲ အမြဲ သတိရှိရှိ နေထိုင်သွားပါ အမှာစကားတေကို အမြဲအမှတ်ရပါ ငါ သွားပြီ ကလေး

Krist: ကျေးဇူးကြီးမြတ်လှပါတယ် အရှင်

တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ Lord Andrew ကို လေးစားမြတ်နိုးမှုတေနဲ့အတူ ဦးညွတ်နှုတ်ဆက်လိုက်မိတယ်

Flash back end~

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>

ချစ်မိတဲ့ကြယ်☆Where stories live. Discover now