ချစ်မိတဲ့ကြယ်☆ ~Part 21~

1.1K 75 0
                                    


Sing;

ကျနော် Kit လေးကို နမ်းမိတဲ့ နောက်နေ့ကစပြီး Kit ကို ရှောင်နေမိတယ် တွေ့ရင်လဲ စကားကြမ်းတေပဲ ပြောနေမိတယ် ကိုယ်တောင်းပန်ပါတယ် ကြယ်လေးရယ် မင်းကိုမုန်းလို့မဟုတ်ပါဘူး ချစ်မိသွားမှာစိုးလို့ပါ ...

ရှောင်နေတဲ့ကြားထဲက Kitနဲ့အတူ လျှပ်စီးဖမ်းဖို့ဖြစ်လာတော့လဲ ကျနော် အရူးတယောက်လို ပျော်နေမိပြန်တယ် အပြစ်မရှိတဲ့ ကြယ်လေးကို မုန်းဟန်ဆောင်ရတာ ကျနော့အတွက်တော့ သိပ်ခက်ခဲလွန်းတယ်လေ

အဲ့ဒါနဲ့ လျှပ်စီးဖမ်းရင်း စိတ်ကိုလွှတ်ပေးမိရာက ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ပဲ Kitလေးနဲ့ ဖက်ပြီးထခုန်နေမိပြန်ကော ပြီးတော့မှ ရုတ်တရက် သတိဝင်လာပြီး သူ့ကို တွန်းလွှတ်လိုက်မိတယ်

စိတ်မကောင်းဖြစ်သွားတဲ့ ကြယ်လေးမျက်နှာကို ဆက်မကြည့်ရက်တော့လို့ ကုန်းပတ်ပေါ်ကို ပြေးအတက် ...
ကျနော့နောက်က အရာတခုက အရှိန်ပြင်းပြင်းနဲ့ ဆောင့်တွန်းလိုက်သလို ခံစားလိုက်ရပြီး သတိလွတ်သွားတာပဲ သိလိုက်တော့တယ်

သတိရလာတော့ အမှောင်ထုတေ ဝန်းရံနေတဲ့ လေဟာနယ်လို နေရာတခုမှာ ကျနော် တယောက်ထဲ မျောလွင့်နေသလိုပဲ ကျနော်ဘာဖြစ်နေတာလဲ Kit တို့ကော ဘယ်မှာလဲ ဒီနေရာကကော ဘာလဲ ဘာလို့ မလွတ်မြောက်နိုင်တာလဲ

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>

Krist: P' Sing ... P' Sing

Sing: Huh! ဒါ ..ဒါ Kit လေး အသံပဲ Kit ကိုယ်ဒီမှာ Kit Kit !

Kit အသံလေးကြားပြီး သိပ်မကြာဘူး အလင်းတန်းလေးတခုနဲ့အတူ ကြယ်လေး ကျနော်ရှေ့ကိုရောက်လာတယ်

' ဟင် Kit.. Kit လေး ဒီကို ဘယ်လိုရောက်လာတာလဲ '

ကျနော့အမေးကို ပြန်မဖြေဘဲ ပါးချိုင့်လေး ပေါ်တဲ့အထိပြုံးပြရင်း အနားတိုးကပ်လာပြီး ကျနော့နှုတ်ခမ်းတေကို စတင်စုပ်ယူနေတဲ့ ကြယ်လေးးး

ကျနော်လဲ ကြယ်လေးရဲ့  နူးညံ့ချိုမြိန်လှတဲ့ နှုတ်ခမ်းသားလေးတေကို မက်မက်မောမော ပြန်လည်နမ်းရှိုက်ရင်း အရသာခံနေမိတုန်း ရုတ်တရက် ကြယ်လေးက သူ့နှုတ်ခမ်းတေကို ကျနော့ဆီက ခွာလိုက်တယ်လေ

ချစ်မိတဲ့ကြယ်☆Where stories live. Discover now