လူကုံထံအသိုင်းအဝိုင်း တစ်ခု၏ စေ့စပ်ပွဲတွင်ဖြစ်သည်။ ပန်းနုရောင် ရင်ပြတ်ဂါဝန်လေးဖြင့် လှချင်တိုင်းလှနေသော သတို့သမီးလောင်းလေးနဲ့ အဖြူ ရောင် အနောက်တိုင်း ဝတ်စုံကို ခန့်ညားသေသပ်စွာ ဝတ်ဆင်ထားသော သတို့သားလောင်း တို့၏ လိုက်ဖက်ညီမှုကို လာသမျှဧည့်ပရိတ်သတ်တွေ ချီးမွမ်းမဆုံးနိုင်အောင် ဖြစ်နေကြသည်။
ထို ဧည့်ခံပွဲ အတွင်းမှာ ပင် ဆူညံနေသော စေ့စပ်ပွဲလေးဟာ သူနဲ့မသက်ဆိုင်သလို ကမ္ဘာတစ်ခုလုံးမှာ သူတစ်ယောက်သာ ရှိနေသည့် ပုံစံဖြင့် လူတစ်ယောက် ရှိနေပြန်သည်။
အနီရောင် နားကြပ်လေးကို နားမှာတပ်ကာ ခုံတစ်လုံးမှာ
ခပ်လျောလျော မှီထိုင်နေရင်း ခြေထောက်ကိုချိတ် လက်ကိုပိုက်ထားပြီး မျက်လုံးများကို မှေးမှိတ်ထားသော သူ .......မှန်သည်။ သူကား တစ်မိုးအောက်တွင် တစ်ယောက်သာ ရှိသော လုဟန် ပင်ဖြစ်သည်။ဒိတ်ဒိတ်ကြဲ ချမ်းသာကြွယ်ဝသော ထိပ်တန်းလုပ်ငန်းစုများ နှင့် ငွေကြေးတောင့်တင်းသော မိခင်၏ အသိုင်းအဝိုင်းများကရော နိုင်ငံရေးပိုင်း
မှာ ပေါက်ရောက်သော ဂုဏ်ရှိန်ရှိသူများအခိုင်အမာ ဝန်းရံ
နေကြရပါသော ဖခင်ဖြစ်သူ၏ အသိုင်းအဝိုင်းများ ကပါ
လက်မြှောက် အရှုံးပေးထားရပါသော လုဟန် .....အမြဲတစေ ထီမထင်မျက်နှာထား နှင့် အေးစက်စူးရှလွန်းသော အကြည့်များ ကိုပိုင်ဆိုင်ထားပြီး တစ်ခါတစ်ရံ သာမြင်
တွေ့ရတတ်သော လုဟန် ရဲ့ အပြုံးဟာလဲ တစ်လောကလုံးကို သရော်သလို ခပ်ထေ့ထေ့ အပြုံးမျိုးသား ဖြစ်တာ
ကြောင့် လူအများစုက လုဟန် ကို " နတ်ဆိုး " ဟု
ခေါ်ဝေါ်ကြသည်။အမှန်တကယ်လဲ " နတ်ဆိုး " ဆိုသည့် နာမည်နဲ့လိုက်အောင်ပင် လုဟန် ဟာ အနေအထိုင် အပြုအမူတွေကပဲ
သွေးအေးရက်စက်သည်မဟုတ်။အတွင်းစိတ်က ပါ ရက်စက်တတ်သော လူတစ်ယောက်သာ ဖြစ်သည်။ငယ်ရွယ်စဉ်ကတည်းကပင် အတ္တလွန်ကဲလွန်းသော လုဟန် အနား
မှာ ဘယ်သူမှ မနေရဲခဲ့။အရာရာကို သူ့သဘောအတိုင်းသာ ဖြစ်စေရပြီး တစ်ခြားလူတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးလိုစိတ် အလျဉ်းမရှိပါသော လုဟန် ။
YOU ARE READING
နတ်ဆိုးရဲ့ ကကြိုး { Complete }
Fanfictionရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...