>>> လုဟန် ! <<<
ရဲစခန်းထောင့်က ခုံတစ်ခုမှာခြေထောက်နှစ်ဖက် ဟန်ပါပါ
ချိတ်ကာ ထိုင်နေသော လုဟန် က အမောတကောပြေး
ဝင်လာသော ကျွန်တော့်ကိုတစ်ချက်ကြည့်ကာထရပ်လိုက်ပြီး ခုံတစ်ခုမှာ ထိုင်နေသော လူကို ခပ်စူးစူး ကြည့်လိုက်ရင်း .....>>> ဟေ့လူ .... ခင်ဗျား လိုချင်သလောက် လျော်ကြေး
ကို သူ့ဆီမှာတောင်းလိုက် .... သူက အုပ်ထိန်းသူပဲ ..... မင်းထင်တာထက် အများကြီး ချမ်းသာ တာမို့ လျော်ကြေး
တောင်းဖို့ အားမနာနဲ့ ... ကြားလား ....<<<>>> ဘာ ...<<<
ထိုလူ ထိုင်နေသောခုံကို ဆောင့်ကန်ကာ ခပ်ရင့်ရင့်စကား
များပြောပြီး ထ ထွက်သွားသော လုဟန် ကြောင့်ဒေါသ
တကြီး ထရန်ဟန်ပြင်နေသော တစ်ဖက်လူကို ကျွန်တော်
ကပဲ တောင်းပန်လိုက်ရသည်။>>> အစ်ကိုကပဲ တောင်းပန်ပါတယ် .... ဒီက ညီလေး အတွက် ဆေးဖိုးဝါးခရော နစ်နာကြေးပါ.... အစ်ကို အဆင်ပြေအောင် စိတ်ကျေနပ်အောင် စီစဉ်ပေးပါ့မယ်.... စိတ်
လျှော့ပါနော် ....<<<>>> ခင်ဗျားတို့ကဘာလဲ .... ပိုက်ဆံရှိရင် ပြီးရောလား.... ဟင် .... ကျွန်တော်တို့က ပျော်ချင်လို့ CLUB
ကိုလာတာ .... ရန်စတာ သူ့ဘက်က စတာ... ပြီးတော့
သူကအရင် ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေကို ရိုက်တာ အခု နှစ်ယောက်က ဆေးရုံပေါ်မှာ ..... ကြည့်လေ
တောင်းပန်စကားတောင်မပြောဘူး .... အခု အားလုံး
ကို ပိုက်ဆံနဲ့ဖြေရှင်းလို့ ပြီးရောလားခင်ဗျားပြော....<<<>>> အစ်ကို တောင်းပန်ပါတယ် .... အဲ့ဒီသူငယ်ချင်းက
စိတ်အရမ်းဆတ်လို့ပါ.... ပြီးတော့ စိတ်လဲမကြည်နေတဲ့
အချိန်မို့ ........... <<<>>> သူ စိတ်မကြည်တာနဲ့ လူရိုက်လို့ရလား .....<<<<
ဒေါသတကြီး အော်ဟစ်သောင်းကျန်းနေသော ကောင်လေးကို အကြိမ်ကြိမ်တောင်းပန်နေရတဲ့ မိမိ အဖြစ်ကို တွေး
မိရင်း လုဟန် ကိုသာ စိတ်ထဲက ကျိတ်ဆဲလိုက်မိတော့
သည်။
أنت تقرأ
နတ်ဆိုးရဲ့ ကကြိုး { Complete }
أدب الهواةရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...