နတ်ဆိုးရဲ့ ကကြိုး // ၂ //

5.8K 318 7
                                    

ကော်ဖီ ဆိုင်ထဲ ဝင်လိုက်မိသည်နှင့် မိမိ လက်မောင်းကို
တင်းကျပ်စွာ လာရောက်ဆုပ်ကိုင်လိုက်သော ယွန်ဟီး
ကြောင့် ကျွန်တော်အံ့ သြ သွားမိသည် ။ ချစ်သူ သက်တမ်း ၂ နှစ်လုံးမှာ ယွန်ဟီး ရော ကျွန်တော်ပါ လုပ်ငန်းခွင်ဝင်နေကြသော တည်ငြိမ်ရင့်ကျက်သူများမို့ ဆယ်ကျော်သက်ချစ်သူတွေလို သဲသဲလှုပ် ဂရုစိုက်မှု လိုအပြုအမူများ ဖြင့် ဆက်ဆံရေး မရှိခဲ့။ အခုမှ အထူးအဆန်းလုပ်နေသော ယွန်ဟီး
ကြောင့် ကျွန်တော် အံ့ သြသွားရပြီး သူမကို ငုံ့ ကြည့်လိုက်တော့ ကျွန်တော့်လက်မောင်းကို ဖက်တွယ်ကာ ဘေးဘီဝဲယာကို ထိတ်လန့်တုန်လှုပ်သော မျက်ဝန်းအစုံဖြင့်
အကဲခတ်နေလေသည်။

>>> ယွန်ဟီး .... နေမကောင်းဘူးလား <<<

ကျွန်တော့်မေးခွန်းကို အဖြေမပေးပဲ ပတ်ဝန်းကျင်ကို အထိတ်တလန့်မျက်လုံးများဖြင့် ဝေ့ဝဲကြည့်နေသော ယွန်ဟီး
ရဲ့ ထူးဆန်းသော အမူအယာကြောင့် ကျွန်တော် နားမလည်နိုင်စွာပဲ သူမ လက်ကို ဆုပ်ကိုင်လိုက်ကာ နဖူးပေါ်ကို
လက်တင်ကြည့်လိုက်မိသည်။အမြဲတစေ မိမိကိုယ်ကိုယုံ
ကြည်မှုအပြည့်ဖြင့် သွက်လက်တက်ကြွစွာ နေတတ်သော
ယွန်ဟီး တစ်ယောက် ဒီနေ့မှာတော့ တခြားနေ့တွေလိုမဟုတ်ပဲ မျက်နှာလေး ပင်ပန်းညှိုးငယ်နေကာ အပြုအမူတွေကအစ ထူးဆန်းနေသည် မဟုတ်ပါလား........

>>> မဟုတ်ပါဘူး...... ဟွန်း.... လာလေ ထိုင်ရအောင်....... ဟွန်း ကို ပြောစရာ ရှိလို့ပါ.... ဟွန်း အတွက် ကော်ဖီ မှာထားပြီးပြီနော်.... <<<

စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်တော့ ယွန်ဟီး အသင့်ကမ်း
ပေးလာသော ကော်ဖီခွက်ကို လှမ်းယူလိုက်ရင်း ကျွန်တော် ကျေနပ်စွာပြုံးလိုက်မိသည်။ကျွန်တော်နဲ့ ယွန်ဟီး တို့အခုလို အချင်းချင်း လေးစားဂရုစိုက်မှုတွေကြောင့်
ချစ်သူသက်တမ်းအနည်းငယ်ကပင် ဘဝတစ်ခုကို ထူထောင်နိုင်ရန် ဆုံးဖြတ်ချက်ချနိုင်သည့် အဓိကအချက် ဖြစ်သည်။
ယွန်ဟီး က ကျွန်တော့်အတွက် တာဝန်ကျေဇနီးကောင်းတစ်ယောက် ဖြစ်လာနိုင်သလို ကျွန်တော့်အနေနဲ့ လဲ ယွန်ဟီး
အတွက် ခင်ပွန်းကောင်း တစ်ယောက်ဖြစ်လာမည်ဟု ယုံကြည်ချက်ရှိနေသည်။

နတ်ဆိုးရဲ့ ကကြိုး { Complete }Hikayelerin yaşadığı yer. Şimdi keşfedin