နတ်​ဆိုးရဲ့ကကြိုး // ၁၀ //

3.5K 255 8
                                    

~ ကိုယ်​ ​တောင်းပန်​ပါတယ်​ ယွန်​ဟီး အ​ရေးကြီး ကိစ္စတစ်
ခု ​ပေါ်လာလို့ကိုယ်​ ဆိုလ်း ကို ပြန်​သွားပြီ . . . . . ​တွေ့​တော့ မှ အားလုံး ​သေချာ ရှင်းပြ​တော့မယ်​ ~

ဖုန်းထဲက စာတို ​လေးကို အကြိမ်​ကြိမ်​ အခါခါ ပြန်​ဖတ်​ရင်း ပါးပြင်​​ပေါ် စီးကျလာ​သော မျက်​ရည်​ပူ များကို လက်​နဲ့ ဖိ
ိသုတ်​လိုက်​မိသည်​။ အကျဉ်းရုံး ပြုလုပ်​​သော မင်္ဂလာပွဲ​ပေ
မယ့်​ အနုပညာရှင်​တစ်​​ယောက်​ ဖြစ်​တာမို့ ပရိတ်​သတ်​ အချို့ရဲ့ အာရုံစူးစိုက်​မှုကို ခံရသလို သတို့သား ​ရောက်​မလာ​သော နာမည်​ကြီး မင်းသမီး တစ်​​ယောက်​ရဲ့ မင်္ဂလာပွဲ
သတင်းက မီဒီယာ သမားတစ်​ချို့အတွက်​ ​ခေါင်းစီးသတင်း
တစ်​ပုဒ်​ ဖြစ်​​တော့မည်​မှာ မလွဲ​ပေ။ ချစ်​သူ နဲ့ မင်္ဂလာ ပွဲကို
ပင်​ ပစ်​ကာ ရုတ်​တရက်​ အ​စောတလျင်​ ဆိုလ်း ကိုထပြန်
သွား ​သော ဟွန်းနီး ​​ ​ ဘာ​တွေများ အ​ရေးကြီး​နေလဲဟုသာ ​တွေးမိရင်း မင်္ဂလာပွဲကို လာကြ​သော ဧည့်​သည်​များကို
ဟန်​ မပျက်​နှုတ်​ဆက်​ကာ အားလုံးပြန်သွားေ​တာ့မှ
အ၀တ်​လဲခန်း မှာ ထိုင်​ရင်းဝမ်းနည်းစွာ မျက်​ရည်​ကျ​နေမ
ိခြင်းပင်​။ မိမိ မှာ ဒီမင်္ဂလာ ပွဲ​ကြောင့်​ အိပ်​​ရေးအပျက်​ခံ
အပင်​ပန်းခံပြီး ရိုက်​ကွင်း​တွေဆက်​​နေသည့်​ကြားမှ မနား
နိုင်​ပဲ အချိန်​ဇယား ညှိကာ ​မျှော်​လင့်​ချက်​ကြီးစွာ ထားခဲ့ရသ​လောက်​ ချစ်​သူက ​တော့ မ​တွေ့ရသည့်​ အချိန်​ နှစ်​ပါတ်​​လောက်​အတွင်းမှာ သိသာစွာမူပျက်​​နေခဲ့တာ​တွေကို ပြန်​စဉ်းစားမိကာ အ​တွေး​တွေ များလာခဲ့ရသည်​။ အရင်​က​တော့ အလုပ်​ရှိသည်​​ကြောင့်​ ထားဦး မင်္ဂလာပွဲအတွက်​ပြင်​ဆင်​​နေ စဉ်​ကာလမှာ အချိန်​လုံ​လောက်​စွာ အနားယူရပါလျက်​နဲ့ ဖုန်း​ပြော​နေရင်း ချသွားတာ​တွေ တစ်​ခါတစ်​ရံ ဖုန်းမကိုင်​လို့ ဟိုတယ်​ ဖုန်းကို ဆက်​မိရင်​ ဟိုတယ်​မှာ ရှိမ​နေတတ်​တာ​တွေ အကုန်​စပ်​ဆက်​ ​တွေး​တော လိုက်​မိ​တော့ ​ခေါင်းထဲ​ရောက်​လာ​သောအ​တွေး စ တစ်​ခုက . . . . . . . .

နတ်ဆိုးရဲ့ ကကြိုး { Complete }Tempat cerita menjadi hidup. Temukan sekarang