နတ်​ဆိုးရဲ့ကကြိုး // ၁၂ //

3.4K 255 15
                                    

ဆယ်​ဟွန်း အိမ်​ထဲဝင်​လာ​တော့ဆိုဖာ​ပေါ်မှာအကျအနထိုင်
ကာ TV ကြည့်​​နေ​သော လုဟန်​ က လက်​တစ်​ဖက်​လှမ်း
မြှောက်​ရင်း ပြုံးပြလိုက်​ပြီး......

>>> မင်း အရမ်း​တော်​တယ်​ ဟွန်း <<<

ရုတ်​တရက်​​ပြောင်းလဲ သွား​သော အ​ခေါ်အ​ဝေါ်​ကြောင့်​ ​ရေခဲ​သေတ္တာထဲမှ ​ရေဗူးထုတ်​ယူ​နေ​သော ဆယ်​ဟွန်း လက်
များရပ်​တန့်​သွားခဲ့သည်​။ရေ​သောက်​​နေ​သော ဆယ်​ဟွန်း
ကို ​နောက်​​ကျောက​နေ သွယ်​ယှက်​ သိုင်းဖက်​လာ​သော
လက်​တစ်​စုံ​ကြောင့်​ လား စိတ်​လှုပ်​ရှား မှု​ကြောင့်​လား မသိ
ရင်​ခုန်​သံ​တွေ အရိုင်းဆန်နေသလို ခံစားလိုက်​မိသည်​။အသက်​ကို ပုံမှန်​ရှူ ပြီး လက်​ထဲမှ ​ရေဗူးကို ပြန်​ချကာ လုဟန်
ဘက်​ကို ခပ်​ဖြည်းဖြည်း လှည့်​လိုက်​ပြီး .....

>>> ဆယ်​နာ ဘယ်​မှာလဲ ..... လုဟန်​ <<<

ဆယ်​ဟွန်း အ​မေး​ကြောင့်​ လုဟန်​ က နှုတ်​ခမ်း​တွေ ​ကွေး
ကျသွား ခဲ့ပြီး ......

>>> ဘာလို့လဲ ဟွန်း .... ဆယ်​နာ ကို ငါက တစ်​ခုခု လုပ်​မှာ စိုးလို့လား .... <<<

>>> လုဟန်​ <<<

ဆယ်​ဟွန်း ​ ​ ရဲ့​ဒေါသ တကြီး ​အော်​ဟစ်​မှုကို ဖြုံပင်​မဖြုံ​သော လုဟန်​ က ​ရေခဲ​သေတ္တာထဲကစ​တော်​ဘယ်​ရီသီးပန်း
်ကန်​ကိုယူကာ TV ​ရှေ့ကဆိုဖာမှာ သွားပြန်​ထိုင်​လိုက်​ရင်း
........

>>> စိတ်​မပူပါနဲ့ .... ဆယ်​နာ့ ကို ငါ​ကောင်း​ကောင်း ​စောင့်​​ရှောက်​​ပေးပါ့မယ်​ ..... <<<

>>> မင်းက ဘာမို့လဲ ....<<<

>>> ငါကလား .... မင်းရဲ့ချစ်သူ​လေ  မင်းပဲ ခုဏ အဲ့လို
ပြောခဲ့တယ်​မဟုတ်​လား သတင်း​ထောက်​​တွေအများကြီး ​ရှေ့ မှာ.... ငါက မင်းချစ်​သူလို့.... မကြာခင်​လက်​ထပ်​​တော့မှာလို့..... မင်း​ပြောခဲ့တာ​လေ <<<

လုဟန်​ ရဲ့ ခပ်​​ထေ့​ထေ့ စကားသံ​ကြောင့်​ ဆယ်​ဟွန်း တစ်​ကိုယ်​လုံး ​အေးစက်​သွားသလို ခံစားလိုက်​ရသည်​။မိမိ
အခုမြင်​​နေရ​သော လုဟန်​ ရဲ့ ​အေးစက်​စက်​ အကြည့်​​တွေ
အ​ပြော ​တွေက တစ်​ခါမှ မမြင်​ခဲ့ဖူး​သော ပုံစံတစ်​ခု ဖြစ်​သည့်​အပြင်​ လက်​ရှိအ​ခြေအ​နေအရ လုဟန်​ ဟာ မိမိအ
တွက်​ ဘယ်​အချိန်​ ထ​ပေါက်​ကွဲမည်​မှန်း မသိနိုင်​​သေး​သော ချိန်​ကိုက်​ဗုံးတစ်​လုံးနှယ်​ ။

နတ်ဆိုးရဲ့ ကကြိုး { Complete }Where stories live. Discover now