ကိုယ်လုံးပေါ်မှန်ကြီးရှေ့ မှာ လှပစွာ ထိုင်နေသော သတို့
သမီးလေးရဲ့ လှပသော မျက်နှာလေးမှာ စိုးရိမ်ထိတ်လန့်
မှုတို့ ကြီးစိုးထားသည်။ အဖြူ ရောင် ဂါဝန်စကို လက်ဖြင့်
တင်းတင်းဆုပ်ကာ အ၀င်အ၀ တံခါးဆီကို မျှော်လင့်တကြီး
ကြည့်နေပေမယ့် အချိန်တစ်ချို့သာ ကုန်ဆုံးသွားခဲ့သည်။သူမ စောင့်မျှော်နေသူက အရိပ်ပင်မတွေ့ ရ....။ဧည့်သည်တော်များစုံလင်နေသော မင်္ဂလာခမ်းမထဲမှာလဲ
တီးတိုးဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။မင်္ဂလာအချိန်
ကို သိသိသာသာ ကျော်လွန်နေသော်လဲ သတို့သား
မရောက်လာသေးသောကြောင့် နှစ်ဖက်မိသားစုတွေအပါအ၀င် ရင်းနှီးသော မိတ်ဆွေတို့ ခေါင်းချင်းဆိုင်ကာ မေးခွန်းထုတ်နေကြသည်ကား.....>>>သတို့သား ..... ဘယ်ရောက်သွားတာလဲ .... <<<
ထို အချိန်တွင် တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် သရုပ်ဆောင် သတို့သမီးလောင်းလေး ယွန်ဟီး အပါအ၀င် လူ
အများစောင့်မျှော်နေကြသော သတို့သားလောင်း အိုဆယ်ဟွန်း တစ်ယောက် မှာတော့ ပင်လယ်ကမ်းစပ် တစ်နေရာ
မှာ အသည်းအသန် ပြေးလွှားနေရ လေသည်။ အကြောင်း
ကား ဆယ်ဟွန်း တစ်ယောက် လုဟန် ဖုန်းကိုဖြေပြီးနောက် သတိပေးရန် အခန်းထဲမှ ပြေးထွက်ကာ လုဟန် အခန်း
ဆီသို့ အသွား အနက်ရောက်ဝတ် လူတစ်စုက လုဟန် ကို
တစ်ဖက်တစ်ချက်ဆီမှ ၀န်းရံကာ ဟိုတယ်ထဲမှ ထွက်သွား
တာမို့ စိုးရိမ်တကြီး ပြေးလိုက်လာရခြင်းသာ..။>>> လုဟန် .......... လုဟန် ....... မင်းဘယ်မှာလဲ........လုဟန် ..... <<<
သဲသောင်ပြင်မှာ ဆောက်တည်ရာမရ ပြေးလွှားနေရင်းပါးစပ်ကလဲ လုဟန် နာမည်ကို အဆက်မပြတ်အောင်ဟစ်ကာ
စိုးရိမ်တကြီး ရှာဖွေနေမိသည်။>>> လွှတ်စမ်း .... <<<
ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသော ရင်းနှီးနေသည့် ခပ်စူးစူး အသံတစ်ခုကြောင့် အသံလာရာ ကျောက်ဆောင် အနောက်ဘက်ဆီ အပြေးလေး လာခဲ့လိုက်သည်။
ŞİMDİ OKUDUĞUN
နတ်ဆိုးရဲ့ ကကြိုး { Complete }
Hayran Kurguရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...