နတ်​ဆိုးရဲ့ကကြိုး \\ ၂၀ \\

3K 249 37
                                    


>>> အစ်​ကိုလုဟန်​ <<<

လုဟန် ကိုမြင်သည်နှင့် အထိတ်တလန့်ဖြစ်သွားတဲ့ အိမ်
အကူ ကောင်မလေးရဲ့ ပုံစံကြောင့် လုဟန် စိတ်အနှောင့်
အယှက်ဖြစ်စွာ စုပ်သပ်လိုက်ရင်း....

>>> ဆယ်ဟွန်း ကို တွေ့မိသေးလား..... <<<

>>> ဟုတ်..ဟုတ်ကဲ့.. တွေ့ပါတယ် သခင်လေး....
အနောက်ဘက်.... ပန်းခြံထဲက စားပွဲလေးမှာ ထိုင်..
နေပါတယ်.....<<<

ရေခဲသေတ္တာထဲမှ ရေဗူးတစ်ဗူးကို ထုတ်ယူလိုက်ပြီး အိမ်
ထဲမှ ထွက်ခဲ့လိုက်သည်။ပုံမှန်ဆို လုဟန် က အိပ်ခန်းထဲ
ရေကူးကန် နဲ့ ဂိမ်းဆော့သည့် အခန်းမှလွဲလို့ တခြားနေရာ
တွေ သိပ်မသွား..... အိမ်အနောက်ဘက်ရောက်လာတော့
လဲ အစိမ်းရောင် သစ်ပင်တွေအုံ့ဆိုင်းနေသော တောအုပ်
ငယ်လေးလို နေရာထဲ ရောက်သွားတာမို့ ဘယ်ဘက်ကို
ဆက်သွားရမှန်းမသိ...

>>> မသိဘူးကွာရှုပ်တယ် ဒီလမ်းအတိုင်းသွားမယ် <<<

လမ်းခွဲတွေအများကြီးထဲက နီးစပ်ရာလမ်းတစ်ခုထဲ ချိုးဝင်
လာခဲ့လိုက်တော့သည်။

••••••••••••••• နတ်ဆိုးရဲ့ ကကြိုး ••••••••••••

>>> ဟွန်းနီး <<<

နူးညံ့ငြင်သာသော ခေါ်သံနဲ့အတူ ပခုံးပေါ်ရောက်လာသော
လက်တစ်ခုကြောင့် ဆယ်ဟွန်း အတွေးလွန်နေရာမှ သတိ
ဝင်ကာ လှည့်ကြည့်လိုက်မိသည်။

>>> ယွန်ဟီး <<<

ယွန်ဟီး က အံ့သြနေဟန်နဲ့ ခေါ်ရင်းထရပ်လိုက်တဲ့
ဆယ်ဟွန်း ကိုကြည့်ကာ သဘောကျစွာ ရယ်မောလိုက်
ပြီး ဆယ်ဟွန်း ပခုံးကို ခပ်ဖွဖွပုတ်ရင်း

>>> ဟွန်း ရယ် တို့က တစ်အိမ်တည်းနေကြတာပဲဟာ
မတော်တဆတွေ့တာအထူးအဆန်းလုပ်လို့အံ့သြနေသေး
တယ်.... ဒါနဲ့ ဟွန်း က ဒီမှာ ဘာလုပ်နေတာလဲ <<<

လုဟန် နဲ့လက်ထပ်လိုက်ကတည်းက ယွန်ဟီး အပေါ်အား
နာသလိုအရှက်ရသလို ဖြစ်ကာ ခပ်တန်းတန်းနေခဲ့မိသော်
လဲ ယွန်ဟီး ကတော့ နေရခက်ဟန်မတူပဲ မတွေ့တာကြာ
နေတဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို ရင်းနှီးလွတ်
လပ်စွာ ဆက်ဆံပေးလာတာကြောင့် ဆယ်ဟွန်း အနည်း
ငယ်စိတ်ပေါ့ပါးသွားကာ ယွန်ဟီး ကိုပြုံးပြလိုက်ရင်း....

နတ်ဆိုးရဲ့ ကကြိုး { Complete }حيث تعيش القصص. اكتشف الآن