နတ်​ဆိုးရဲ့ကကြိုး // ၃၀ // ( ဇာတ်​သိမ်းပိုင်း )

5K 243 59
                                    

>>> ခင်​ဗျားကို ​စောင့်​​နေမယ်​ ဆယ်​ဟွန်း <<<

ဖုန်း​လေးထဲက ဟန့်​ အသံ​တွေက ​အေးစက်​လွန်း​နေသည်
ကို ကျွန်​​တော်​ သတိပြုမိသည်​ .....

တီ ကနဲဖုန်းကျသွားတာနဲ့ လက်​စမသတ်​​သေးတဲ့ အစည်း
အ​ဝေးခန်းထဲက အ​ပြေးထွက်​ခဲ့လိုက်​သည်​ .....

အမည်​မ​ဖော်​နိုင်​​သော ခံစားချက်​တစ်​ခု​ကြောင့်​  စိတ်​ထဲမှာ​လေးလံ လာခဲ့ရတာမို့ ကားလီဗာ ကိုသာ ဖိနင်း​လိုက်
မိသည်​ .....

ဘာ​ကြောင့်​ရယ်​ မသိ ဟန့်​ ကို အမြန်​ဆုံး​တွေ့ချင်​​နေမိ
သည်​ ......

ဟန့်​ ကို ရင်​ခွင်​ထဲမှာ ​ပွေ့ဖက်​မထားရင်​ တစ်​စုံတစ်​ခုက လုယူ သွားသလို ​ဝေးကွာသွား​တော့မည်​ဟု ခံစား​နေမိ
သည်​ ......

မဟုတ်​ဘူး ...မဟုတ်​​သေးဘူး အိုဆယ်​ဟွန်း မင်းအ​တွေး
လွန်​​နေတာပဲ ... ဘယ်​သူက ဟန့်​ ကို လုယူလို့ရမှာလဲ
... ဟန်​ က မင်းရဲ့ သက်​ဆိုင်​သူ​လေ မင်းရဲ့လူပဲ ......

အ​တွေးနဲ့ အတူ ဆယ်​ဟွန်း ဟက်​ ကနဲ ရယ်​လိုက်​မိ
သည်​ ..... ဘယ်​​လောက်​​တောင်​ က​လေးဆန်​​နေမိတာလဲ ...

ဟန်​ က အရုပ်​မှမဟုတ်​တာ ... ဘာလို့ မင်းအပိုင်​လဲ... ဟန်​ ကမင်းကို မလိုချင်​​တော့ဘူး​လေ .... ဟန်​ က မင်းကို
ထွက်​သွား​စေချင်​​နေပြီ​လေ .... ပြီး​တော့ ဟန်​ က မင်းကို
မချစ်​ဘူး​လေ အိုဆယ်​ဟွန်း .....

မဟုတ်​ဘူး ..... အဲ့လိုမဟုတ်​ဘူး ဟန်​ ငါ့ကိုညာ​နေတာပါ.. သူ ငါ့ကိုချစ်​တယ်​ .... သူ ငါ့ကို ချစ်​ပါတယ်​...

>>> ဟင်​ ... <<<

ကား​မောင်း​နေရင်း လက်​တစ်​ဖက်​က မျက်​နှာ​ပေါ်စမ်းမိ
လိုက်​တဲ့အချိန်​မှာ ပူ​နွေး​သော မျက်​ရည်​စ တစ်​ချို့ကို ရှာ
ဖွေ ​တွေ့ရှိသွားခဲ့တာမို့ ဆယ်​ဟွန်း အားရပါးရ ရယ်​​မောမိ
တော့သည်​ .....

>>> မင်းတကယ်​ ရူးသွားပြီပဲ အိုဆယ်​ဟွန်း <<<

မျက်​ရည်​​တွေကို လက်​ဖြင့်​ ခပ်​ကြမ်းကြမ်းသုတ်​ကာ ဟန်
ကျွန်​​တော့်​ကို ချိန်းထားတဲ့ ဟန်​မြစ်​ကမ်း ဆီသို့ ဦးတည်​၍
ကား​လေးကို အရှိန်​မြန်​မြန်​ ​မောင်းနှင်​လိုက်​​တော့သည်​ ။

နတ်ဆိုးရဲ့ ကကြိုး { Complete }Where stories live. Discover now