နတ်​ဆိုးရဲ့ ကကြိုး // ၂၅ //

2.8K 215 24
                                    

ဆယ်​ဟွန်း မနက်​စာစားဖို့ဆင်းလာလိုက်​​တော့ထူးထူးခြား
ခြား မနက်​စာဝိုင်းမှာ မိသားစုစုံ​နေသည်​... ဆယ်​ဟွန်း ၀င်
လာသည်​ကိုမြင်​​တော့ လုဟန်​ အ​ဖေကမနက်​စာစား​နေ
ရင်းလှမ်းနှုတ်​ဆက်​လိုက်​သည်​......

>>> ​လာ​လေ ဆယ်​ဟွန်း .... တစ်​အိမ်​တည်း​နေမှပဲ မင်း
မျက်​နှာကို​တွေ့ဖို့ ခဲယဉ်းလိုက်​တာ..... အလုပ်​​တွေများ​နေပုံရတယ်​....<<<

>>> ဟုတ်​ပါတယ်​ အ​ဖေ.... ကျွန်​​တော်​​နောက်​လထဲမှာ စက်​ရုံအသစ်​တိုးချဲ့ဖွင့်​ဖို့ အလုပ်​များ​နေတာနဲ့ အ​ဖေ တို့
ကို​တောင်​ ​သေချာနှုတ်​မဆက်​နိုင်​ဘူးဖြစ်​​နေတာ....<<<

ပြော​ပြောဆိုဆိုနဲ့ လုဟန်​ ရဲ့​ဘေးက ထိုင်​ခုံအလွတ်​တစ်​လုံးမှာ ၀င်​ထိုင်​လိုက်​တဲ့ ဆယ်​ဟွန်း ​ ကို လုဟန်​ ကတစ်
ချက်​သာ​မော့ကြည့်​လိုက်​ရင်း စားလက်​စမနက်​စာကို ဆက်​စား​နေသည်​.....

>>> ဒီတစ်​​ခေါက်​စက်​ရုံဖွင့်​ပွဲပြီးရင်​​တော့... ဆယ်​ဟွန်း အ​ဖေ့ကို အချိန်​နည်းနည်း​လောက်​​ပေးရလိမ့်​မယ်​...<<<

အိမ်​အကူ အ​ဒေါ်ကြီးလာချ​ပေး​သောပန်းကန်​ကို လှမ်းယူ
လိုက်​ရင်း လုဟန်​ အ​ဖေရဲ့​ပြောစကားကို နားမလည်​သလို
ကြည့်​လိုက်​​တော့...

>>> ​နောက်​လထဲမှာ သမ္မတကြီးရဲ့ ​မွေး​နေ့ပွဲရှိတယ်​​လေ
... အဲ့ဒီကို ဆယ်​ဟွန်း လိုက်​ခဲ့​ပေးပါ.... ​ရှောင်​လု က​တော့ ဒီလိုပွဲမျိုး​တွေ စိတ်​မ၀င်​စား....<<<

ဝုန်း !!!

>>> အိုဆယ်​ဟွန်း ကို လက်​ထပ်​ထားတာ ကျွန်​​တော်​ပါ
ဖေ​ဖေ ..... ​ဖေ​ဖေ့နိုင်​ငံ​ရေးလှည့်​ကွက်​​တွေထဲမှာ သူ့ကို
ထည့်​မသုံးပါနဲ့.... ကျွန်​​တော်​ခွင့်​မပြုဘူး.....<<<

ပြော​နေတဲ့စကားပင်​မဆုံးလိုက်​ငြိမ်​သက်​စွာထိုင်​ရင်းမနက်
စာစား​နေ​သော လုဟန်​ က ၀ုန်းကနဲ ထရပ်​လိုက်​ကာ လက်​ထဲက ​ကော်​ဖီခွကို စားပွဲ​ပေါ်အသံမြည်​​အောင်​ ချ
ရင်း ​ပြောလိုက်​သည်​.....

နတ်ဆိုးရဲ့ ကကြိုး { Complete }Donde viven las historias. Descúbrelo ahora