အနီရောင် ပြိုင်ကားလေးပေါ်မှ ဆင်းလိုက်တော့
ထည်ဝါခမ်းနားသော အိမ်ကြီး အရှေ့ မှာခြေစုံရပ်
မိသည်။ လုဟန် ရဲ့အနောက်ကနေ အိမ်ကြီးထဲ
လိုက်ဝင်လာရင်းက မိမိလို လူပင်သေးငယ်သွား
သလို ခံစားရသည်အထိ ပြီးပြည့်စုံသော အဆောင်
အယောင်များကို မျက်မြင် မြင်တွေ့ လိုက်ရတာကြောင့်
လုဟန် ထင်ရာစိုင်းနေရခြင်း အကြောင်းအရင်းကိုနား
လည် လိုက်ရသည်။>>> ထိုင် ဟွန်း ဒါ ကိုယ်တို့ နေရမယ့်အိမ်<<<
ခုံတစ်ခုံမှာ ၀င်ထိုင်လိုက်ရင်း ဘယ်ဘက်လက်သန်း
ကြွယ် မှာနေရာယူထားသော လက်စွပ်လေးကို ကြည့်
ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။>>> ဘာလဲ နောင်တရနေတာလား ကိုယ် နဲ့
လက်ထပ်တာကို .... ကိုယ်ကတော့ ပျော်တယ်
ဒါလေးကြောင့် မင်းကို ကိုယ်ပိုင်တယ်လို့ ခံစားရ
လို့ .... <<<သူ့ရဲ့ ဘယ်ဘက်လက်က လက်စွပ်ကို မြင်သာ
အောင်မြှောက်ပြရင်း ခပ်ပြုံးပြုံးပြောလာသော
စကားကြောင့် ဆယ်ဟွန်း ပြုံးလိုက်ပြီး....>>> ငါ့ကို မင်းမပိုင်ဘူး လုဟန် မင်းမှမဟုတ်ဘူး
ငါ့ကို ဘယ်သူမှမပိုင်ဘူး...... ဒီလက်စွပ်လေးလောက်
စာချုပ်ပေါ်က လက်မှတ်တစ်ခုလောက်နဲ့ ငါ့ကိုချုပ်ကိုင်
ဖို့ မကြိုးစားနဲ့ လုဟန် <<<ဆယ်ဟွန်း စကားကို နားထောင်ပြီး စိတ်မဆိုးပဲ
ရယ်နေသော လုဟန် ကိုကြည့်ကာ တလိပ်လိပ်
တက်လာသော ဒေါသတရားတို့ကို ကျိတ်မှိတ်
မြိုချလိုက်ရင်း.......>>> ဆယ်နာ ဘယ်မှာလဲ.... ငါ့ ဘက်က ကတိတည်
ပြီးပြီ..... မင်းဘက်ကလဲ ကတိတည်ဖို့ မျှော်လင့်တယ်
လုဟန် ...... <<<>>> အိုကေ .... အိုကေ.....ဒါပေမယ့် ကိုယ်တို့က
ဒီနေ့မှ လက်ထပ်တာလေ..... အနားယူရဦးမှာပေါ့...
.... ဆယ်နာ့ ဆီကို မနက်ဖြန်မှ သွားကြတာပေါ့<<<
YOU ARE READING
နတ်ဆိုးရဲ့ ကကြိုး { Complete }
Fanfictionရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...