ဆိုးလ် မြို့ရဲ့ မြင်ကွင်းလိုရှုပ်ထွေးမွန်းကျပ်မနေပဲ သန့်ရှင်းလတ်ဆတ်သော လေကို ၀အောင်ရှူ ရှိုက်လိုက်ရင်း မိမိ ရပ်
နေသော ကျောက်ဆောင် အောက်ဘက်နှားဆီမှာ တ၀ုန်းဝုန်း လာရောက်ရိုက်ခတ်နေသော လှိုင်းလုံးကြီးများ ကိုတစ်ချက် ငုံ့ကြည့်လိုက်မိသည်။အဆုံးမရှိမြင်နေရသော ပင်လယ်ပြင်ကြီးကို ငေးကြည့်ကာ
ပင်ပန်းမှုတွေ ပြေလျော့သွားသလို ခံစားလိုက်ရတာကြောင့်
ဆယ်ဟွန်း လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်မိသည်။မိသားစုမှာ
သားအကြီးဆုံးဖြစ်တာကြောင့် ဖခင်မရှိတော့ချိန်ကစလို့ အရွယ်နဲ့မလိုက်အောင် လေးလံပင်ပန်းသော တာဝန်တွေကို
ထမ်းပိုးရင်းမိခင်ဖြစ်သူနဲ့ညီမဖြစ်သူအတွက် ရပ်တည်ပေးခဲ့
သော ဆယ်ဟွန်း မှာကျောင်းသားဘ၀တည်းက ကျောင်း
တစ်ဖက် အလုပ်တစ်ဖက်ဖြင့် အားလပ်ချိန်မရှိခဲ့ပေ။ယခုလို လွပ်လပ်စွာ အပန်းဖြေအနားယူဖို့ဆိုသည်မှာ စိတ်ကူးနှင့်
ပင် တွေးရန် အချိန်မရခဲ့သော အရာတစ်ခု။ယခုလို လွတ်လပ်ခွင့်ရအောင် တိုက်တွန်းလာပေးသော ယွန်ဟီး ကိုပင်
ကျေးဇူးတင်မိသွားရသည်။တကယ်လဲ ဆယ်ဟွန်း လို အလုပ်များပုံနဲ့ ချစ်သူရည်းစားထားဖို့ အချိန်ပင်မရခဲ့သော်လဲ
ယွန်ဟီး ရဲ့ နားလည်ပေးနိုင်မှု သည်းခံပေးနိုင်မှုတို့ကြောင့်
အခုလို လက်ထပ်ဖြစ်သည်အထိ ဖြစ်လာရသော မိမိ အကြောင်းကို ပြန်တွေးနေရင်း ချစ်သူ ကိုသတိရမိသွားတာမို့ ဘောင်းဘီအိတ်ထဲမှ ဖုန်း လေးကို ထုတ်ကာ ချစ်သူ ဆီ
သို့ ခေါ်ဆိုလိုက်မိသည်။ ဖုန်း လေးက အချိန်အတန်ကြာ ခေါ်ဆိုနေသော်လဲ ဖြေမယ့်သူ မရှိဖြစ်နေတာမို့ ဆယ်ဟွန်း
နားမလည်နိုင်သလို ဖြစ်သွားရပြီး နောက်တစ်ကြိမ် ထပ်မံခေါ်ဆို လိုက်မိသည်။>>> ယွန်းဟီး ကိုယ် အခု ကမ်းစပ်ကို ရောက်နေတယ်
အ
ESTÁS LEYENDO
နတ်ဆိုးရဲ့ ကကြိုး { Complete }
Fanficရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...