နတ်​ဆိုးရဲ့ကကြိုး // ၈ //

3.6K 251 10
                                    

အနည်းငယ်​ ပူစပ်​စပ်​ ဖြစ်​​နေ​သော မျက်​လုံးများကို အားယူ
ကာဖွင့်​လိုက်​​တော့ အဖြူ ​ရောင်​ မျက်​နှာကျက်​ကိုသာ အရင်
ဆုံး​တွေ့လိုက်​ရတာမို့ အခုထိ အိုဆယ်​ဟွန်း ရဲ့အခန်းထဲမှာ
ပဲ ရှိ​နေ​သေးမှန်း သိလိုက်​မိသည်​။ လည်​​ချောင်းတစ်​​လျောက်​လုံး ပူ​လောင်​ကာ အသက်​ရှူ မ၀ ဖြစ်​​နေတာ​ကြောင့်​ အိပ်​ယာထက်​မှ အားယူထကာ အနားက ခုံ​လေး​ပေါ်မှာ တင်
ထား​သော ​ရေဖန်​ခွက်​​လေး ကို ယူကာ တစ်​ငုံ ​သောက်​လိုက်​​တော့ လည်​​ချောင်းထဲ ​အေးသွား​ပေမယ့်​ ​ရေတစ်​ငုံကို
ပင်​ ခက်​ခက်​ခဲခဲ မြိုချ​နေ​ရ​သော အ​ခြေအ​နေမို့ သက်​​တော့မသက်​သာလှ နာကျင်​မှုများ ကြားမှပင်​ ​ကျေနပ်​စွာ ပြုံးလိုက်​မိ​သေးသည်​။ ​အ​ကြောင်းကား မလှမ်းမကမ်းက ဆိုဖာ​ပေါ်
မှာ အိပ်​​ပျော်​​နေ​သော ဆယ်​ဟွန်း ကို​တွေ့လိုက်​ရတာ​ကြောင့်​ပင်​။၁၂ နှစ်​​လောက်​ စားပွဲ​ပေါ်ပင်​ အတင်​မခံခဲ့​သော ပုစွန်
ကို ၀မ်းထဲ​ရောက်​တဲ့အထိ ကိုယ်​တိုင်​ စားခဲ့တာနဲ့ တန်​​အောင်​ကို မိမိ အနားမှာ တစ်​ညလုံး ဆယ်​ဟွန်း ပြုစု​ပေးခဲ့သည်​မှာ သံသယ မရှိစရာပင်​ အနားက ​ရေဇလုံနဲ့ ပုံထပ်​​နေ​သော တဘတ်​အဖြူ များက သက်​​သေခံ​နေ​လေသည်​။

ကျွန်​​တော်​မထင်​မိပါ ​ယောကျာ်း တစ်​​ယောက်​ နှစ်​ခြိုက်​စွာ အိပ်​စက်​​နေ​သော ပုံရိပ်​က ကျွန်​​တော့်​အတွက်​ မျက်​နှာမလွှဲချင်​စရာ မြင်​ကွင်းတစ်​ခု ဖြစ်​​နေခဲ့လိမ့်​မယ်​လို့​ပေါ့ ။ မျက်​​တောင်​ ခတ်​မိရဲ့လား ကိုယ်​တိုင်​ပင်​မသိနိုင်​​လောက်​​အောင်
အချိန်​အ​တော်​ကြာ ​ငေးကြည့်​ပြီး​နောက်​မှာ​တော့ အနည်းငယ်​ လူးလွန့်​လှုပ်​ရှားလာ​သော ဆယ်​ဟွန်း ကိုမျက်​နှာလွှဲကာ
မှန်​နံရံမှ လှမ်းမြင်​​နေရ​သော ပြင်​ပရှုခင်းကို ​ငေးကြည့်​​နေလိုက်​မိ​တော့သည်​။

>>> နိုး​နေပြီလား လုဟန်​ <<<

>>> အင်း <<<

အကြည့်​ချင်းပင်​မဆုံပဲ ​ဖြေလိုက်​​သော လုဟန်​ စကား​ကြောင့်​ ဆယ်​ဟွန်း မျက်​လွှာပင့်​ကာ တစ်​ချက်​​မော့ကြည့်​လိုက်​ပြီး
သက်​ပြင်းတစ်​ချက်​ချကာ....

နတ်ဆိုးရဲ့ ကကြိုး { Complete }Nơi câu chuyện tồn tại. Hãy khám phá bây giờ