နတ်​ဆိုးရဲ့ကကြိုး \\ ၁၆ \\

3.2K 262 22
                                    

လုဟန်​  အခန်းထဲဝင်​လာ​တော့ ၀တ်​စုံပြည့်​ဝတ်​ကာ အကျ
အနပြင်​ဆင်​​နေ​သော ဆယ်​ဟွန်း ကမျက်​လုံးတစ်​ချက်​ပင့်
ကြည့်​ပြီးမှ အကြည့်​လွှဲသွားကာ နက်​ခ်​တိုင်​ကို ​သေချာချည်
နေသည်​။သာမာန်​​နေ့​တွေထက်​ ထူးထူးကဲကဲဝတ်​စားဆင်
ယင်​​နေတာမို့ မသိမသာအကဲခတ်​ရင်း ကုတင်​​ပေါ်ပစ်​လှဲ
ချလိုက်​ကာ......

>>> ပြင်​လှချည်​လား.... ဘာလဲ ​ကောင်​မ​လေးနဲ့ Date
လား.....<<<

ခပ်​ရွဲ့ရွဲ့​မေးလိုက်​​သောစကား​ကြောင့်​ ဆယ်​ဟွန်း မျက်​နှာထိန်းမရ​အောင်​ပျက်​ယွင်းသွားတာကို မှန်​ထဲမှတစ်​ဆင့်​မြင်
လိုက်​ရတာမို့ ​ကျေနပ်​စွာပြုံးလိုက်​မိသည်​။ ဆယ်​ဟွန်း က
စိတ်​ရှုပ်​​ထွေးဟန်​ဖြင့်​ ဆံပင်​​တွေကိုတစ်​ချက်​ဖွရင်း လုဟန်
ဘက်​ကိုလှည့်​လာကာ....

>>> ငါ့ သိက္ခာကို မ​စော်​ကားနဲ့ ​ရှောင်​လုဟန်​ မင်းအတွက်
စည်း​တွေ ​ဘောင်​​တွေ သိက္ခာ​တွေ ကိုယ်​ကျင့်​တရား​တွေ
က ဘာမှမဟုတ်​​ပေမယ့်​ ငါ့အတွက်​​တော့ အဲ့ဒါ​တွေက အသက်​ပဲ ငါ့ကိုယ်​ငါ အိမ်​​ထောင်​ရှိတဲ့ ​ယောကျာ်းတစ်​​ယောက်​ဆိုတာ ​မေ့မထားဘူး.... <<<

ခပ်​ပြတ်​ပြတ်​စကားလုံး​တွေကို ဒ​ရော​သောပါး​ပြောချလိုက်
ပြီးမှ လုဟန်​ ကို​ကျောခိုင်းကာ အခန်းထဲမှ​ခြေလှမ်းကျဲကြီး
များဖြင့်​ ထွက်​သွား​တော့သည်​။ လုဟန်​ လဲအိပ်​ယာထက်​မှ
ထကာ ပြတင်း​ပေါက်​နာူတိုးကပ်​သွားပြီး ဆယ်​ဟွန်း ကား
ထွက်​သွားတာကို ကြည့်​လိုက်​ပြီးမှ ​ဘောင်းဘီအိတ်​ထဲက
ဖုန်း​လေးကို ထုတ်​ယူကာ နံပါတ်​တစ်​ခုကို နှိပ်​လိုက်​သည်​။

>>> ​ ​ယောင်​ဆိုး ........ကိုယ်​ပါ လုဟန်​ ဒီ​နေ့အားလား
Date ကြရ​အောင်​...... အသင့်​ပြင်​ထားလိုက်​​နော်​ နာရီဝက်​ အတွင်း အိမ်​​ရှေ့ ​ရောက်​​နေ​စေရမယ်​.....<<<

ဖုန်း​လေးကို အိပ်​ယာ​ပေါ်ပစ်​တင်​လိုက်​ပြီး ကိုယ်​​ပေါ်ကအ၀တ်​အစား​တွေကို ဆွဲချွတ်​ကာ ​လေ​လေးတချွန်​ချွန်​ဖြင့်
ရေချိုးခန်းထဲဝင်​ခဲ့လိုက်​​တော့သည်​။နာရီဝက်​​လောက်​ ကြာ
သောအခါ လုဟန်​ ကိုယ်​တိုင်​​မောင်းနှင်​လာ​သောပြိုင်​ကား
အနီရဲရဲ​လေးဟာ ခြံကြီးထဲမှ အရှိန်​ပြင်းပြင်းထွက်​ခွာသွား
လေ​တော့သည်​။

နတ်ဆိုးရဲ့ ကကြိုး { Complete }Where stories live. Discover now