ဆယ်ဟွန်း အိပ်ယာနိုးလာတော့ အခန်းကျယ်ကြီးထဲမှာ မိမိ
တစ်ယောက်တည်းရှိနေသည်ကို သတိထားမိလိုက်သည်။
လုဟန် ရဲ့ အရိပ်အယောင်ကိုပင် မတွေ့ရတာမို့ မနက်စော
စော စိတ်ဒုက္ခရောက်ရမည့် အရေးမှ လွတ်ကင်းသွားသလို
ခံစားလိုက်မိရင်း ကုတင်ပေါ်မှထကာ ကိုယ်ပေါ်ကအ၀တ်
အစားများကို ဆွဲချွတ်လိုက်ပြီး အိပ်ခန်းနဲ့ကပ်ရက်က ရေချိုး
ခန်းဆီသို့ ၀င်လာခဲ့လိုက်တော့သည်။ခလုတ်ကိုဖွင့်လိုက်သည်နှင့် ကိုယ်ပေါ်ကို အရှိန်ပြင်းပြင်းကျ
ရောက်လာသောရေစက်များကြောင့် အေးမြလန်းဆန်းသွား
ရသည်။သို့သော်လဲ အချိန်ဆွဲကာ စိတ်ကြိုက်ရေမချိုးနိုင်ခဲ့
အကြောင်းမှာ မနေ့ညကတည်းက အစာနဲ့ကင်းကွာနေခဲ့
သော မိမိ ၀မ်းဗိုက်က တဂြီဂြီ အချက်ပြနေပြီမဟုတ်ပါလား။! ဒေါက် ဒေါက် ဒေါက် !
>>> အိုဆယ်ဟွန်း ..... ခင်ဗျားဒီထဲမှာလား <<<
>>> အင်း <<<
>>> ပြီးရင်အောက်ဆင်းခဲ့တော့...... ဆယ်နာ့ ဆီသွား
ရမယ်....<<<လုဟန် ရဲ့စကားကြောင့် ကျွန်တော်ကိုယ့်နားကိုယ်မယုံနိုင်
ဖြစ်သွားရကာ ရေပန်းခလုတ်ကို လျင်မြန်စွာ ပိတ်လိုက်ပြီး
မျက်နှာကို လက်ဖြင့်သပ်ချလိုက်ကာ......>>> လုဟန်.....မင်းဘာပြောလိုက်တယ် ....<<<
>>> မင်းညီမ ..... အိုဆယ်နာ ဆီသွားရမယ်လို့ ....<<<
ခပ်ပြတ်ပြတ် ဖြေသံအဆုံးမှာ လုဟန် ရဲ့ ခပ်ပြင်းပြင်းခြေသံက တဖြည်းဖြည်း ဝေးသွားတာကြောင့် သူထွက်သွား
ပြီမှန်းသိလိုက်ရသည်။ရေချိုးခြင်းကို အမြန်ဆုံးလက်စသတ်
ကာ ပြန်ထွက်လာခဲ့လိုက်သည်။ဝတ်စုံပြည့် ၀တ်ဆင်ကာ
အခန်းထဲကထွက်ပြီး ခပ်သွက်သွက်လေး ဆင်းလာခဲ့လိုက်
တော့ လှေကားရင်းမှာရပ်နေသောဦးလေးကြီးတစ်ယောက်
က ဦးညွတ်နှုတ်ဆက်လာတာမို့ မနေတတ်စွာ ကျွန်တော်လဲ ပြန်လည်နှုတ်ဆက်လိုက်ရသည်။
ВЫ ЧИТАЕТЕ
နတ်ဆိုးရဲ့ ကကြိုး { Complete }
Фанфикရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...