နတ်​ဆိုးရဲ့ကကြိုး \\ ၁၈ \\

3.2K 270 28
                                    

ဒုန်း !!!

ကျယ်​​လောင်​စွာ ထွက်​​ပေါ်လာ​သော အသံတစ်​ခု​ကြောင့်
ဆယ်​ဟွန်း ​ ​ ​ရေပန်းခလုတ်​ကိုပိတ်​ကာ ​ရေချိုးခြင်းကို လက်
စ သတ်​လိုက်​ပြီး ​အသင့်​ရှိ​နေ​သော တဘတ်​အဖြူ ကို ခါးမှာ
ပတ်​လိုက်​ကာ ​ရေချိုးခန်းထဲမှ ထွက်​ခဲ့လိုက်​သည်​။

>>> ဟင်​ ..... လုဟန်​ <<<

ကုတင်​​ဘေးက ကြမ်းပြင်​​ပေါ်မှာ ​ခြေ​ထောက်​တစ်​ဖက်​ကို ဖိနှိပ်​ကာ ထိုင်​လျက်​သား လဲကျ​နေ​သော လုဟန်​ မျက်​နှာက
နာကျင်​မှုကို သည်းခံ​နေရသည့်​ပုံ မို့ စိုးရိမ်​တကြီး ထူ​ပေးရန်
လက်​ရွယ်​လိုက်​စဉ်​မှာပဲ လုဟန်​ က ​ခြေ​ထောက်​တစ်​ဖက်​ကိုသာ အားပြုရင်း ထရပ်​လိုက်​ပြီးအခန်းထဲမှထွက်​သွားဟန်
ပြင်​​နေတာမို့ လုဟန်​ လက်​​မောင်းတစ်​ဖက်​ကို လှမ်းဆွဲလိုက်​ရင်း ........

>>> ပိုင်​ရှင်​ မသိ​အောင်​ သူများအခန်းထဲ ၀င်​တာ လူမိသွားရင်​လဲ မ​ကောင်းတတ်​လို့ပဲ ဖြစ်​ဖြစ်​ အ​ကြောင်းပြချက်
တစ်​ခု​တော့ ​ပေးသင့်​တယ်​မဟုတ်​ဘူးလား ....<<<

>>> လွှတ်​ <<<

လုဟန်​ က ဆယ်​ဟွန်း ဆွဲထား​သော လက်​ကိုရုန်း​နေ​ပေ
မယ့်​ ဆယ်​ဟွန်း ရဲ့သန်​မာ​သော လက်​​တွေ​ကြောင့်​ မလွတ်
မြောက်​နိုင်​ဖြစ်​ကာ ​ဒေါသ​ကြောင့်​ ဖြူ နု​နေ​သော မျက်​နှာပြင်
တစ်​ခုလုံး အနီ​ရောင်​​အဖြစ်​သို့ ကူး​ပြောင်းသွားပြီး ​နောက်​ ​ဘောင်းဘီအိတ်​ထဲက မီးခြစ်​ကိုထုတ်​ယူကာ ခြစ်​လိုက်​ပြီး
သူ့လက်​​မောင်း​တွေကို ချုပ်​ကိုင်​ထားတဲ့ ဆယ်​ဟွန်း ရဲ့လက်​ကို မီးညွှန့်​များနဲ့ တို့ထိ​ပေးလိုက်​​တော့သည်​။

>>> အား ...... ​ရှောင်​လုဟန်​ <<<

ဆယ်​ဟွန်း ရဲ့​အော်​သံနဲ့အတူ  လွတ်​​မြောက်​သွား​သော မိမိ
လက်​​မောင်းကို ဆွဲယူရင်း ​ခြေ​ထောက်​တစ်​ဖက်​ကိုသာအား
ပြု ပြီး လုဟန်​ အခန်းရှိရာသို့ ပြန်​ခဲ့​တော့သည်​။

နတ်ဆိုးရဲ့ ကကြိုး { Complete }Место, где живут истории. Откройте их для себя