>>> ယွန် ... ယွန်ဟီး <<<
အလုပ်သွားဖို့ပြင်ဆင်ပြီး ဆင်းလာသော ကျွန်တော် မနက်
စာစားဖို့ ထမင်းစားခန်းထဲဝင်လိုက်မိတယ်ဆိုရင်ပဲ တစ်ယောက်တည်း မနက်စာထိုင်စားနေသော ယွန်ဟီး ကိုတွေ့
လိုက်ရတာမို့ .... လွှတ်ကနဲ ခေါ်လိုက်မိသည်..။>>> ဟွန်းနီး ..... <<<
ကျွန်တော့်ခေါ်သံကြောင့် အထိတ်တလန့်မော်ကြည့်လာတဲ့
ယွန်ဟီး ကကျွန်တော့်ကိုမြင်တော့အံ့သြထိတ်လန့်ဟန်ဖြင့်
ထရပ်လိုက်ရင်း ကြောင်ငေးကြည့်နေသည်..။ ကျွန်တော်
ခံစားမိလိုက်တာ ယွန်ဟီး ရဲ့ အကြည့်တွေထဲမှာ တစ်စုံ
တစ်ခုကို ဖုံးကွယ်ထားချင်သော အရိပ်အယောင်များ ရှိနေ
သည် ဟု ... ပိုသေချာအောင် ကျွန်တော်မေးရမည် ...။ည
က တကယ်ပဲ ယွန်ဟီး အပေါ်မှာ ကျွန်တော် တာဝန်မဲ့စွာ
လွန်ကျူးခဲ့တာလားဆိုတာကိုပေါ့ ......>>> ယွန်ဟီး ..... ည .... ညကလေ .....<<<
>>> ခေါင်းသက်သာရဲ့လား ဟွန်းနီး ..... ညက အရမ်းသောက် သွားတာကို ..... အမူးပြေဟင်းရည် အဒေါ်ကြီးကို
ချက်ခိုင်းထားတာမို့ .... မနက်စာစားပြီးမှ အလုပ်သွားနော်
ယွန်ဟီး က ရိုက်ကွင်းရှိလို့ သွားနှင့်မယ် ....<<<ကျွန်တော် မတားဆီးနိုင်သေး ခင်မှာပင် အမြန်ပြေးထွက်သွားတဲ့ ယွန်ဟီး ရဲ့ကျောပြင်ကိုကြည့်ပြီး ကျွန်တော့်ရင်ထဲ
က သံသယ အစိုင်အခဲတို့ ပိုမိုကြီးထွားလာခဲ့ရတော့သည်..။>>> သခင်လေး ..ထိုင်ပါ မနက်စာပြင်ပေးပါ့မယ် ...<<<
>>> ဟုတ်ကဲ့ပါ အဒေါ်ကြီး..ကျေးဇူးတင်ပါတယ် ...<<<
••••••••••••••••• နတ်ဆိုးရဲ့ ကကြိုး ••••••••••••••
ခြံထဲက ထွက်သွားသော ဆယ်ဟွန်း မျက်စိတစ်ဆုံးကြည့်
ပြီးမှ လုဟန် အခန်းထဲက ထွက်ခဲ့လိုက်သည်...။ထမင်းစားခန်းထဲရောက်တော့ စားပွဲထိပ်ဆုံးက ခုံမှာ ၀င်ထိုင်ချလိုက်ပြီး ....
YOU ARE READING
နတ်ဆိုးရဲ့ ကကြိုး { Complete }
Fanfictionရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...