နတ်​ဆိုး ရဲ့ ကကြိုး // ၅ //

4.2K 275 2
                                    

>>> ဘလက်​ ​ကော်​ဖီ ကြိုက်​လား <<<

မနက်​​စော​စော ​လေ့ကျင့်​ခန်းလုပ်​ပြီး ​ရေခဲ​သေတ္တာထဲမှ ​ရေသန့်​တစ်​ဗူးကိုထုတ်​ယူကာ ဟိုတယ်​ အခန်းအပြင်​ဘက်​မှာ သီးသန့့်​ထုတ်​ထား​သော ၀ရံတာ​လေးကို ထွက်​ရပ်​လိုက်​သည်​။ပင်​လယ်​ရနံ့ပါ​နေ​သော ​လေထုကို ​ကောင်းစွာရှူ ရှိုက်​ လိုက်​ပြီး​ချွေးစတို့ကို အသင့်​ယူလာ​သော တဘတ်​ဖြင့်​ တို့သုတ်​လိုက်​ကာ ​ရေသန့်​ဗူးကို ဖွင့်​ပြီး ​မော့​သောက်​လိုက်​ချိန်​ ရုတ်​တရက်​ ထွက်​​ပေါ်လာ​သော အသံ​ကြောင့်​ အလန့်​တကြား ဖြစ်​သွားရကာ ​ရေပင်​သီးသွားရသည်​။

>>> အဟွတ်​ ... အဟွတ်​ .... အဟွတ်​ ........ မင်း.... မင်း ဘယ်​က​နေ ဘယ်​လို......<<<

ဘေးအခန်းက ၀ရံတာမှာ ရပ်​​နေ​သော ​ကောင်​​လေး ကို ကြည့်​ကာ အံ့သြသွားတာမို့ ​မေးခွန်းထုတ်​မိ​တော့ ကျွန်​​တော့်​​မေးခွန်းမဆုံးခင်​မှာ သူ့လက်​ထဲက Coffee ခွက်​ကို 
မြှောက်​ကာ ရမ်းပြရင်း အရယ်​အပြုံးမရှိ​သော မျက်​နှာဖြင့်
နောက်​တစ်​ကြိမ်​ ​မေးခွန်းထုတ်​လာပြန်​သည်​။

>>> ဘလက်​ ​ကော်​ဖီ ကြိုက်​လား <<<

သူ့​မေးခွန်းကို မ​ဖြေမချင်း လက်​​လျော့မည့်​ပုံ မရတာ​ကြောင့်​ ကျွန်​​တော်​ ​ရေဗူးကို ​မော့​သောက်​လိုက်​ပြီးမှ ​ခေါင်းခါပြလိုက်​ရင်း.....

>>>​​ကော်ဖီ ​ မကြိုက်​ဘူး <<<

>>> ​သြော်​..... ဒါဆိုဘာကြိုက်​လဲ <<<

>>> ဘာဘယ်​တီး <<<

ကျွန်​​တော့်​အ​ဖြေ​ကြောင့်​ တစ်​ဖက်​လှည့်​သွား​သော ​ကောင်​​လေး ​ကြောင့်​ ကျွန်​​တော်​ နည်းနည်း​တော့ ​နေရခက်​သွားမိသည်​က အမှန်​ပင်​။အခု အိုဆယ်​ဟွန်း ဆို​သော ကျွန်​​တော်​က ကိုယ့်​ထက်​ငယ်​တဲ့ ​ကောင်​​လေးဆီမှာ အ​လှောင်​ခံ​နေရတာလား ​ကော်​ဖီ မကြိုက်​လို့​လေ။

>>> ဘာလဲ ​ကောင်​​လေး ..... ​ကောဖီ မကြိုက်​တဲ့လူ ကို အခုမှ ပထမဆုံး မြင်​ဖူးတာလား <<<

နတ်ဆိုးရဲ့ ကကြိုး { Complete }Where stories live. Discover now