အဖြူ ရောင်အိပ်ယာထက်မှာ လဲလျောင်းနေတဲ့ လုဟန်
ရဲ့ပုံက အားရစရာ မရှိလောက်အောင်ပင် အလဲလဲအပြိုပြို
ဖြစ်နေတာကြောင့် စိတ်မသက်မသာ ဖြစ်သွားရသည်။ရေချိုးခန်းထဲဝင်ကာ ဇလုံတစ်ခုနဲ့ ရေအနည်းငယ် သယ်ယူလာလိုက်ပြီး ဗီရိုထဲမှ တဘတ်အဖြူ တစ်ထည်ကို ပါ တစ်ပါတည်း ထုတ်ယူလာလိုက်ပြီး လုဟန် ဘေးက နေရာလွတ်မှာ
ဝင်ထိုင်ကာ သဲမှုန်များကပ်ငြိနေသော အနက်ရောင် အင်္ကျီကို ဆွဲချွတ်လိုက်သည်။ အတွင်းထဲက ရှပ်အင်္ကျီအဖြူ ရောင်မှာလဲ နီစွေးစွေး သွေးစတို့ စွန်းထင်းနေတာ ကို ကြည့်ရင်း ခေါင်းတစ်ချက်ခါရမ်းလိုက်ပြီး အသင့်ယူလာသော တဘတ်အဖြူ လေးကို ရေဇလုံထဲ နှစ်ကာ သေသေချာချာ ရေညှစ်လိုက်ပြီး လုဟန် ရဲ့မျက်နှာနဲ့ ညစ်ပေနေသော လက်များကို သန့်ရှင်းရေးလုပ်ပေးလိုက်သည်။မျက်နှာပေါ်က ဒဏ်ရာများကို ပိုးသတ်ကာ ဆေးထည့်ခြင်း အမှုပြီးစီးသွားတော့ လုဟန် ကနှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပြီ။ - တီ... တီ.. တီ... -
ကျယ်လောင်စွာ ထွက်ပေါ်လာသော ဖုန်းသံကြောင့် အိပ်ပျော်နေသော လုဟန် မျက်ခုံးများပင့်တက်ကာ အိပ်နေရင်း တစ်ချက် ဆတ် ကနဲတုန်သွားတာမို့ ဆယ်ဟွန်း တစ်ယောက် ဖုန်း ရှာပုံတော် ဖွင့်ရပြန်တော့သည်။ လုဟန် ကိုယ်ပေါ်
က ချွတ်ကာ ကုတင်အောက်မှာ ချထားသော အနက်ရောင် အင်္ကျီမှ အသံထွက်လာနေတာမို့ အမြန်ယူကာ အိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်သည်။- Mr.Jin -
အဆက်မပြတ်မြည်နေဆဲ ဖုန်းသံကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကောင်လေးကို မနိုးသွားစေချင်တာမို့ ဖုန်းလေးကို ဖွင့်ကာ ဖြေလိုက်သည်။
>>> ဟယ်လို ..... <<<
>>> လုဟန် ငါ့လူတွေ လက်စာ ကောင်းကောင်း မြည်းခဲ့ရဲ့လား... အေး ဒါက မင်းကို သတိပေးရုံပဲရှိသေးတာ.... ငါ ပြောတဲ့ ရက်မှာ မင်း ဘက်က ပေးရမယ့် ပိုက်ဆံတွေ ပြန်မပေးနိုင်ရင်တော့.... ငါ ထပ်ပြီး သည်းခံပေးမှာ မဟုတ်တော့ဘူး.... အေး မင်းဗိုက်ကို ဖွင့်ပြီး ကလီစာ တွေ တစ်ခုချင်း ဖြုတ် ရောင်းရ ရင်တောင် ငါ့ အကြွေးတွေ အကုန်ပြန်ယူ မှာ ဒါကြောင့် မင်းအသက်ရှည်ရှည်နေချင်ရင် ငါ့ ပိုက်ဆံတွေ အမြန်ဆုံး ပြန်ပေးပါ.....<<<
BẠN ĐANG ĐỌC
နတ်ဆိုးရဲ့ ကကြိုး { Complete }
Fanfictionရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...