>>> ယွန်ဟီး .... မင်းကဒီကို...ဘယ်လိုဖြစ်ပြီး.......<<<
အိမ်ကြီးကို စရောက်ကတည်းက ပထမဆုံးအကြိမ်အဖြစ်
မိသားစုညစာစားပွဲတွင်ဖြစ်သည်။ လုဟန် က သက်သောင့်
သက်သာ နေဖို့မှာထားခဲ့ပါရက်နဲ့ အတန်အသင့်အဆင်ပြေသော ၀တ်စုံတို့ကိုရွေးချယ်ဝတ်ဆင်ကာ အောက်ထပ်ဆင်း
လာခဲ့တော့ ခြံကျယ်ကြီးထဲမှာ အသင့်ပြင်ထားသော ထမင်း
ဝိုင်းဆီကို အိမ်အကူတစ်ယောက်က ခေါ်သွားပေးတာမို့ လိုက်သွားလိုက်ပြီး လုဟန် ရဲ့ဘေးကလွတ်နေသောနေ
ရာမှာ ၀င်ထိုင်လိုက်ပြီးတော့မှ မိမိနဲ့မျက်နှာချင်းဆိုင်ထိုင်ခုံ
မှာ ထိုင်နေသော ယွန်ဟီး ကို တွေ့လိုက်ရခြင်းကြောင့် အံ့အားသင့်ကာအထိတ်တလန့်ရေရွတ်ရင်းထိုင်နေရာမှထရပ်
မိသွားသည်။ဘာကြောင့်လဲ...ယွန်ဟီး က ဘာကြောင့်ဒီနေရာကိုရောက်
နေရတာလဲ ..... စသော အတွေးများစွာ အလုံးအရင်းဝင်
ရောက်လာခဲ့သည်။မတွေ့ရတာ နှစ်ပါတ်လောက်သာရှိ
သေးပေမယ့် သိသိသာသာကို ပိန်သွားသော ယွန်ဟီး ပုံစံ
က ကျွန်တော့်ရဲ့အသိစိတ်နဲ့စာနာမှုကိုကောင်းစွာအနှောင့်
အယှက်ပေးနေသည်။အလုပ်ပင်ပန်းရင်တောင်အပြုံးအရယ်
မပျက်ရှိတတ်သော သူမရဲ့ မျက်နှာပေါ်က အပြုံးများသေဆုံး
နေခြင်းရဲ့ တရားခံဟာ မိမိ ဟု တွေးလိုက်မိတော့ ယွန်ဟီး
ကို မျက်နှာချင်းဆိုင်ရန် အင်အားပင်မရှိ။ကျွန်တော့်ရဲ့ ပုံစံ
ကိုကြည့်ကာ ယွန်ဟီး က ထိုင်ရာမှ ထရင်း.....>>> ကျွန်မက လုဟန် ရဲ့ အစ်မပါ အိုဆယ်ဟွန်း.....
မင်ယွန်ဟီး .... လို့ခေါ်ပါတယ် ....<<<>>> အစ်မ.... ယွန်ဟီး မင်းက လုဟန် ရဲ့အစ်မလား...<<<
>>> ခင်ဗျား..... ဒီနေ့ထိုင်ဦးမှာလား..... ဟွန်း <<<
လုဟန် ရဲ့ သတိပေးသံကြားမှ အသိဝင်လာပြီး ခုံမှာထိုင်ချ
လိုက်ကာ အင်္ကျီကိုအနည်းငယ် ဆွဲဆန့်လိုက်ရင်း လုဟန်
ရဲ့ ဖခင်ဖြစ်သူကို ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။
KAMU SEDANG MEMBACA
နတ်ဆိုးရဲ့ ကကြိုး { Complete }
Fiksi Penggemarရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...