>>> ဘာလို့လဲ ... ဘာလို့လဲ ..... ဘာကြောင့် ဒီလို လုပ်ရတာလဲ....... ဟွန်းနီး .... အဟင့်...... ဟင့် <<<ဆယ်ဟွန်း ရင်ဘတ်ကို လက်သီးဆုပ်လေးများဖြင့် ထုရင်း
ငိုကြွေးနေသော ယွန်ဟီး ကို စိတ်မကောင်းစွာကြည့်ရင်း
ခပ်ဖြည်းဖြည်း စေ့ပိတ်သွားသော တံခါးလေးရဲ့ တစ်ဖက် အခန်း ထဲမှာ ကျေနပ်စွာပြုံးနေမိသော လုဟန် လက်ထဲက
ဖုန်းလေးကို ထုတ်ကာ စာတို တစ်ကြောင်းခပ်မြန်မြန် ရိုက်
ပို့လိုက်ရင်း.......>>> အခုမှ အစပဲ ရှိသေးတာပါ ယွန်ဟီး ...... ဒီလောက်
သွေးပျက်မနေပါနဲ့ ........ <<<လုဟန် ရဲ့ ရေရွတ်သံကို မကြားနိုင်တဲ့ ဆယ်ဟွန်း တစ်
ယောက်ကတော့ သူ့ကို ထုရိုက်ရင်း ငိုနေသော ယွန်ဟီး
ကိုကြည့်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတော့သည်။>>> တောင်းပန်ပါတယ် ယွန်ဟီး <<<
>>> ဘာကိုလဲ ..... ဘာကို တောင်းပန်တာလဲ ..... ဘာ
ကြောင့်တောင်းပန်တာလဲ ..... ဟွန်းနီး <<<>>> ရုတ်တရက်ကြီး မင်္ဂလာပွဲပျက်အောင် လုပ်လိုက်မိတာကိုပါ......... ယွန်ဟီး ...........ကိုယ့်မှာ တကယ်ကို အရေးကြီး..... <<<
>>> သူ့ကြောင့်လား ....... အရေးကြီး ကိစ္စက ...... ငါတို့မင်္ဂလာပွဲထက် ပိုအရေးကြီးတာက သူ လား ..... တကယ်ပဲ ဟွန်းနီး နဲ့ သူ ရဲ့ ဆက်ဆံရေးက ဘာလဲ .... <<<
>>> မဟုတ်ဘူး .... ယွန်ဟီး ထင်သလို မဟုတ်ပါဘူး......
ဒီကောင်လေးက တကယ် အခက်အခဲတစ်ခုရှိလို့...... ကိုယ် .... <<<>>> မပြောနဲ့တော့ <<<
နားနှစ်ဖက်ကို လက်ဖြင့်ပိတ်ကာ အော်ဟစ်နေသော
ယွန်ဟီး ကိုကြည့်ကာ ဆယ်ဟွန်း စိတ်ရှုပ်လာမိတော့
သည်။မိမိ ကိုရှင်းပြဖို့ အခွင့်အရေးပင် မပေးပဲ တစ်ဖက်သတ် စွပ်စွဲ ချက်တွေနဲ့ သင်္ကာမကင်း ဖြစ်နေသည်က မိမိ
ရဲ့ သိက္ခာကို ထိခိုက်လာသလို မာနတရား ကိုလဲထိပါးလာ
ခဲ့ပြီ မဟုတ်ပါလား။
ŞİMDİ OKUDUĞUN
နတ်ဆိုးရဲ့ ကကြိုး { Complete }
Hayran Kurguရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...