ဝိုင်ပုလင်းတစ်လုံးနဲ့ ကမ်းခြေဘက်ကို ထွက်သွားသော
လုဟန် ကို တစ်ချက်လှမ်းကြည့်လိုက်မိရင်း ဟိုတယ်မန်နေဂျာ ရှင်းပြနေသော စကားများကို မကြားတစ်ချက်ကြားတစ်ချက် ။ အချိန်အားဖြင့် သုံး လေး ရက်ခန့် အကြိမ်ရေ အားဖြင့် ငါးကြိမ် ခန့်မျှသာ ဆုံဖူးသော လူတစ်ယောက်ကို သာမာန်
ထက်ပိုကာ အာရုံစိုက်မိနေသော ကိုယ့်ကိုယ်ကိုလဲ
ဲ ဆယ်ဟွန်း နားမလည်နိုင်တော့ ဖြစ်မိသည်။ မင်္ဂလာ ပွဲအတွက် စီစဉ်နေသော ကိစ္စကို ဘယ်လိုမှ အာရုံစိုက်မရတော့သည့် အဆုံးမှာတော့ မန်နေဂျာ ကို နောက်တစ်ခေါက် ထပ်မံ ချိန်းဆိုလိုက်ကာ ကမ်းခြေဘက်ဆီသို့ ထွက်လာခဲ့လိုက်မိတော့သည်။ရေလှိုင်းတွေ တလိမ့်လိမ့်ပြေးနေသော ကမ်းစပ်က သဲပြင်ပေါ်မှာ ပင်လယ်ကြီးကို မျက်နှာမူကာ ထိုင်နေသော လုဟန်
။ အဖုံးဖွင့်ထားသော ၀ိုင်ပုလင်းကို မော့ကာ ပြန်ချလိုက်ရင်း
သူ့ဆီကို လျှောက်လာနေသော ဆယ်ဟွန်း ကိုမြင်တော့ အံ့သြသလို တစ်ချက်ကြည့်လိုက်ပြီး.....>>> ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ ... <<<
လုဟန် အမေးကို မဖြေပဲ သဲပြင်ပေါ်ထိုင်ချလိုက်ရင်း ဘေးမှာ ချထားသော ၀ိုင် ပုလင်းကို ယူမော့ လိုက်သော ဆယ်ဟွန်း ကြောင့် လုဟန် အလိုမကျစွာ မျက်ခုံးများ ပင့်ကာ ကြည့်နေလိုက်မိသည်။ လုဟန် အကြည့်တွေကြောင့် ဆယ်ဟွန်း မှာ သောက်လက်စ ၀ိုင်များပင် သီးသွားရကာ.....
>>> အဟွတ်.... အဟွတ်... အဟွတ်..... ဘာလို့ အဲ့လိုကြည့်နေတာလဲ....... <<<
ဆယ်ဟွန်း ကပြုံးစစနဲ့ ခပ်မြူးမြူးမေးလိုက်ပေမယ့် လုဟန်
က အကြည့်တွေလွှဲလိုက်ပြီး ဟိုးအဝေးပင်လယ်ပြင်ကို ငေး
မောကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း......>>> ခင်ဗျား ဘာလို့ ကျွန်တော့်ရှေ့ မှာ ခဏခဏ ပေါ်လာနေရတာလဲ ..... <<<
أنت تقرأ
နတ်ဆိုးရဲ့ ကကြိုး { Complete }
أدب الهواةရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...