>>> မင်း ဘယ်လိုလုပ်လိုက်တာလဲ လုဟန် <<<
လုဟန် ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။အိမ်ပြန်လာသည့် လမ်းတစ်
လျှောက်လုံးမှာ တင်းမာနေသော ဆယ်ဟွန်း ရဲ့ မျက်နှာအ
မူအယာနဲ့ အိမ်ရောက်သည်နှင့် အခန်းထဲအထိ မိမိကို ဆွဲ
ခေါ်လာကာ အိပ်ယာပေါ်ပစ်ချလိုက်ရင်း ဒေါသတကြီး မေး
ခွန်းထုတ်နေသည့် အပြုအမူများကြောင့် လုဟန် သိလိုသောအဖြေတစ်ခုကို သိခွင့်ရလိုက်ပြီဟု ထင်မိသည်။>>> ခင်ဗျား ရဲ့ မိန်းကလေးကို ကျွန်တော် သိသွားလို့
သိပ်ကို သွေးပျက်ခြောက်ခြား သွားလား အိုဆယ်ဟွန်း <<<>>> ရှောင်လုဟန် <<<
လုဟန် က ဆယ်ဟွန်း ရဲ့ဒေါသတကြီးခေါ်သံကို ဥပေက္ခာ
ပြုကာ အိပ်ယာပေါ်လှဲချလိုက်ရင်း လေတစ်ချက်ချွန်လိုက်ကာ ------>>> ပြောတော့လဲ သိက္ခာ တွေ တန်ဖိုးတွေ ကိုယ်ကျင့်တရားတွေ နှုတ်ကမချပဲကွယ်ရာမှာတော့စိတ်ကြိုက်ဖောက်
ပြားနေတာပဲ အိုဆယ်ဟွန်း အခုလို လက်ပူးလက်ကြပ်မိ
တော့ ခင်ဗျားဘာပြောချင်သေးလဲ ....<<<>>> မင်း ...... မင်းတော်တော့ လုဟန် ..... ဂျီဟာ ကငါ့ရဲ့ လုပ်ငန်း ပါတနာ .... မင်းရဲ့အဓိပ္ပါယ်မရှိတဲ့အတွေးတွေနဲ့ သူမနဲ့ငါနဲ့ကို စွပ်စွဲစော်ကားနေတဲ့ စကားတွေကို အခုရပ်
လိုက်တော့.... <<<ဆယ်ဟွန်း စကားကြောင့် လုဟန် အားပါးတရ ရယ်မော
လိုက်သည်။မျက်နှာတစ်ခုလုံးနီမြန်းကာ ဒေါသတကြီးပြော
ဆိုနေသော ဆယ်ဟွန်း ကို လှောင်ရိပ်သန်းသော မျက်လုံး
များဖြင့်ကြည့်ကာ ပခုံးနှစ်ဖက်ကို စုံတွန့်ပြလိုက်ရင်း အိပ်
ယာထက်မှထပြီး ဆယ်ဟွန်း ရှိရာသို့ တစ်လှမ်းချင်းလျှောက်လာ လိုက်ရင်း....>>> အလုပ်ကို အကြောင်းမပြနဲ့ အိုဆယ်ဟွန်း ..... ကျွန်တော့်ကို ခင်ဗျားလက်ထပ်ထားပေမယ့် .... အခုထိ ကျွန်တော်က ခင်ဗျားရှာထားတဲ့ ငွေကို သုံးခဲ့တာမဟုတ်သေးဘူး..... ခင်ဗျားကိုယ် ခင်ဗျား တာဝန်ကျေလှပြီထင်နေလား
......<<<
YOU ARE READING
နတ်ဆိုးရဲ့ ကကြိုး { Complete }
Fanfictionရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...