နတ်​ဆိုးရဲ့ကကြိုး \\ ၁၉ \\

2.9K 252 25
                                    

>>> မနက်ဖြန် ​​ကိုယ့်​ အ​ဖေရဲ့ နှစ်​ပတ်​လည်​​နေ့ပဲ
လုဟန်​ <<<

>>> အဲ့ဒီ​တော့ ... <<<

လုဟန်​ ဆီက ကျွန်​​တော့်​အတွက်​ နားဝင်​ချိုမယ့်​ စကားမျိုး​တွေ ထွက်​မလာနိုင်​မှန်း သိပါရက်​နဲ့ ​​လေသံ​ပျော့​လေးနဲ့
ကျွန်​​တော်​ အသိ​ပေးလိုက်​မိ​တော့ဆိုဖာ​ပေါ်မှာ​ဒူးနှစ်​​ချောင်း
ချိတ်​ကာ ခပ်​​လျော​လျောထိုင်​ရင်း မျက်​နှာကိုဖုန်းကမခွာပဲ
မေးခွန်းပြန်​ထုတ်​လာခဲ့သည်​။

>>> မနက်​ဖြန်​ ကိုယ့်​အိမ်​ကို သွားရမယ်​ .... တခြားကိစ္စ
တွေရှိရင်​ ဖျက်​ထား​ပေးပါ လုဟန်​ ... <<<

>>> ဘာအတွက်​လိုက်​ရမှာလဲ ဆယ်​ဟွန်း .... မနက်​ဖြန်
ကျွန်​​တော်​ မအားဘူး ... ခင်​ဗျားဘာသာသွားပါ .... <<<

လုဟန်​ ရဲ့စကား​ကြောင့်​ ကျွန်​​တော်​ ​ဒေါသထွက်​သွားပြီး လုဟန်​ လက်​ထဲက ဖုန်းကိုဆွဲလုလိုက်​ကာ ...

>>> မင်း ငါ့ကိုဒီဖုန်းထက်​နည်းနည်း​လောက်​ ပိုအ​ရေးလုပ်​​ပေးလို့မရဘူးလားငါကမင်းရဲ့​ယောကျာ်း​နော် ​...<<<

ကျွန်​​တော့်​စကား​ကြောင့်​ လုဟန်​ က​လှောင်​ရိပ်​စွန်း​သောအပြုံးဖြင့်​ လှမ်းကြည့်​ရင်း စားပွဲ​ပေါ်က ရီမု ကိုယူကာ TV
လှမ်းဖွင့်​လိုက်​ပြန်​သည်​။

>>> ​ရှောင်​လုဟန်​ <<<

>>> ဒီမှာ ဆယ်ဟွန်း လက်ထပ်ထားတဲ့ အကြောင်းပြ
ချက်နဲ့ ကျွန်တော့်ကို ချုပ်ကိုင်ချင်နေတာလား..... တစ်ခု
ပြောထားမယ်နော် ရှောင်လုဟန် ဆိုတဲ့ကျွန်တော်က တ
ခြားသူ တစ်ယောက်ရဲ့ ချုပ်ကိုင်စေညွှန်ရာအတိုင်း လိုက်
လုပ်မယ့်သူ မဟုတ်ဘူး....<<<

လက်ထဲက ရီမု ကိုပစ်ချကာ အခန်းထဲမှ ထွက်သွားသော
လုဟန် ရဲ့ နောက်ကျောကိုကြည့်ရင်း ကျွန်တော် သက်ပြင်းချလိုက်မိသည်...။

မင်းကိုအပေါ်ယံပဲ ဆိုးတယ်လို့ထင်နေတာ လုဟန် မင်းရဲ့
ဟိုးအတွင်းစိတ်ထဲမှာတော့ ဖြူစင်မှုတွေ ၊ ကြင်နာမှုတွေ
ရှိနေခဲ့လိမ့်မယ်လို့ ကိုယ်ထင်နေခဲ့မိတာ..။ကိုယ် မင်းရဲ့
အတွင်းစိတ်ကို အဆုံးထိ မမြင်ရသေးတာ မဟုတ်လား
လုဟန် ကိုယ့်အထင်တွေ မှားယွင်းနေခဲ့တာ မဟုတ်ပါဘူးနော်..။

နတ်ဆိုးရဲ့ ကကြိုး { Complete }Donde viven las historias. Descúbrelo ahora