မျက်လုံးတွေဖွင့်လိုက်တာနဲ့ တဆစ်ဆစ်ထိုးကိုက်လာတဲ့
ခေါင်းကြောင့် နားထင်နှစ်ဖက်ကို လက်ဖြင့်ဖိကာ အိပ်ယာပေါ်မှ ခပ်ဖြည်းဖြည်းဆင်းခဲ့လိုက်သည် ။ကိုယ်လက်သန့်စင်ပြီးအောက်ထပ်ကိုဆင်းလာလိုက်တော့
စားပွဲမှာထိုင်ကာ အေးအေးဆေးဆေးမနက်စာစားနေသော ဟန် ကမျက်လုံးတစ်ချက်ဝေ့ကြည့်ပြီးစားမြဲအ
တိုင်း ဆက်စားနေတာမို့ ......သွားလက်စခြေလှမ်းတွေက ဦးတည်ရာပြောင်းသွားပြီး
ထမင်းစားခန်းမှ ထွက်ကာမြေအောက်က ၀ိုင်သိုလှောင်
သည့် ဂိုထောင်ထဲကို ၀င်လာခဲ့လိုက်သည်....ဂိုထောင်ထဲရောက်တော့ တွေ့ရာဝိုင်ပုလင်းတစ်လုံးကို ဆွဲယူလိုက်ပြီးအသင့်ရှိနေသောဝိုင်ဖောက်တံနဲ့ဆွဲဖောက်
ကာ ရေငတ်နေသူတစ်ယောက်လို အငမ်းမရသောက်
ချပစ်လိုက်ရင်း ....ခွမ်း !!!
>>> ဘာကြောင့်လဲ ...... ဘာကြောင့်လဲ ..<<<
အဲ့ဒီ အကြည့်တွေ....မိမိကို မြင်လိုက်သည်နှင့်ခပ်တင်းတင်းစေ့ သွားသောနှုတ်ခမ်းတွေ...စကားတစ်ခွန်းမှ မဆိုပါပဲ ခံစားချက်မဲ့နေတဲ့ လူတစ်ယောက်လို ...
ဘာကြောင့်လဲ ... ထွက်သွားပါဆိုတဲ့ စကားတစ်
ခွန်းနဲ့ ... ယုံကြည်မှုမရှိစွာ ငြင်းပယ်ခြင်း ခံလိုက်ရတဲ့ နှလုံးသားကို ဘာကြောင့်ထပ်ပြီး ....ဒီလို ဥပေက္ခာတရားတွေနဲ့ နာကျင်အောင် ဆက်ဆံနေ
ရတာလဲ ...မင်း သိပ်ဆိုးတယ် ဟန် ....
ကိုယ့်ဘ၀ထဲကို ခွင့်မတောင်းပဲ ၀င်လာခဲ့တုန်းက
ထက် .....ကိုယ့် ကိုမင်းအပိုင်အဖြစ် ရယူဖို့ကြိုးစားခဲ့တဲ့ အချိန်က
ထက် ....ကိုယ့် ကို အရုပ်တစ်ရုပ်လို သဘောထားပြီး အပျော်
ကစားနေခဲ့တဲ့ အချိန်ကထက် ....
BẠN ĐANG ĐỌC
နတ်ဆိုးရဲ့ ကကြိုး { Complete }
Fanfictionရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...