>>> ခင်ဗျား ထသင့်ပြီ အိုဆယ်ဟွန်း ! ... <<<
နားထဲကို စူးကနဲဝင်လာတဲ့အော်သံနဲ့အတူ ရင်ဘတ်ပေါ်ကို အဆက်မပြတ်ကျလာတဲ့ ရိုက်ချက်တွေကြောင့် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ လုဟန် ရဲ့ ဒေါသတကြီး
အကြည့်တွေကို မြင်လိုက်ရသည်......>>> နိုးနေပြီလား ဟန် <<<
ခပ်ပြုံးပြုံးနှုတ်ဆက်စကား ဆိုရင်းထလိုက်တော့ ဆယ်ဟွန်း မျက်လုံးတွေပြူးသွားရုံမက အံ့သြလွန်းတာကြောင့် နှုတ်ခမ်းတွေပင် ဟ သွားရသည် ....
>>> မင်း သိပ်လှတာပဲ ဟန် <<<
နှုတ်ကလွှတ်ကနဲ ဖွင့်ဟပြောမိသည်အထိ .... အ၀တ်မဲ့
နေတဲ့ လုဟန် ရဲ့ ခန္ဓာကိုယ် ဖြူဖြူနုနုလေးက ဆယ်ဟွန်း
ပေးထားတဲ့ခရမ်းရင့်ရောင် အမှတ်အသားလေးတွေနဲ့
တကယ်ပဲ ကြည့်မ၀နိုင်အောင် လှပလွန်းနေသည်.....>>> ခင်ဗျား အလုဘယ်ကိုကြည့်နေတာလဲ ... ခင်ဗျားမျက်လုံးတွေ ဖောက်ထုတ်ခံချင်လား ....<<<
ဒေါသသံနဲ့ လုဟန် ထပ်မံအော်လိုက်လိုက်မှ ဆယ်ဟွန်း
လဲ စပ်ဖြီးဖြီးဖြစ်နေသောမိမိမျက်နှာပိုးကို သပ်ကာ ကောင်
ဆိုးလေးကို ပွေ့ချီလိုက်ပြီး အိပ်ယာပေါ်မှဆင်းကာ ရေချိုးခန်းဆီသို့ ......>>> ခင်ဗျား ဘာလုပ်ဦးမလို့လဲ ..... ကျွန်တော့်ကို အခုချပေး အိုဆယ်ဟွန်း !!! .... <<<
>>> နေပါဦး ဟန် ရဲ့ ..... လောလိုက်တာ.... တစ်ညလုံး
လဲ ကောင်းကောင်းမနားရဘူး မဟုတ်လား .... အခုတော့
ချပေးလို့မရသေးဘူး .. ခဏနေမှ ဟန့် သဘော ....<<<>>> အိုဆယ်ဟွန်း !!! <<<
ရင်ခွင်ထဲကနေဒေါသတကြီး အော်ဟစ်နေသောကောင်လေးကိုရေချိုးကန်ထဲမှာချပေးလိုက်တော့နာကျင်မှုကြောင့်လားမသိ မျက်နှာလေးပျက်သွားတာမို့ သနားကြင်နာစွာ
ဆံပင်နုနုလေးတွေကို သပ်ပေးလိုက်ရင်း......
ŞİMDİ OKUDUĞUN
နတ်ဆိုးရဲ့ ကကြိုး { Complete }
Hayran Kurguရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုအရာကိုမှ ထောက်ထားငဲ့ညှာ နေမှာမဟုတ်ဘူး ကိုယ်က နတ်ဆိုး တစ်ကောင် နတ်ဆိုး ရဲ့ ကကြိုးဟာ ဘယ်လော...