5.2K 373 4
                                    

"​မေ​မေ ဘာချက်​လဲ
သားဗိုက်​ဆာလှပြီ "

အိမ်​ထဲ​ရောက်​​ရောက်​ချင်း
လွယ်​အိတ်​ကို ပစ်​ ချ​ကာ
မီးဖိုထဲ အမြန်​၀င်​ရသည်​။

"ဟင်​ ဘာမှမချက်​ဘူးလား "

ပြောင်​သလင်းခါ​နေတဲ့ ဟင်းအိုးက
သူ့ကို စိတ်​ဓာတ်​ကျ​စေသည်​။

"​မေ​မေ ကလည်းဗျာ။
သား ​ကျောင်းမှာ စာ​တွေကျက်​လာရလို့
ဗိုက်​ဆာ​နေပြီဗျ"

ထမင်းကြမ်းတစ်​ခဲကို ဇလုံထဲထည့်​လာရင်း
သူငြီးတွားလိုက်​မိသည်​။

"​မေ​မေ......ဟင်​ .....ဘာလို့ငို​နေတာလဲ...."

မျက်​ရည်​ကျ​နေ​သော ​မေ​မေ့ကိုမြင်​မှ
သူ ထမင်းဇလုံကို ပစ်​ချကာ အနားသွားလိုက်​သည်​။

"ဟင်​ လို့ ​....​မေ​မေ....."

သူအနားသွားကာ ​မေး​တော့မှ

"သား ဟိုးဘက်​ခြံကို​လေ
တစ်​ခြားသူ​တွေ ၀ယ်​သွားပြီတဲ့ "

"ဗျာ "

လေအယိမ်းမှာ လွင့်​မြူးလာ​သော
နှင်းဆီနံ့များ၏ လားရာ ​ဘေးဘက်​ခြံကို
သူ​လှမ်းကြည့်​မိလိုက်​သည်​။

"အဲ့ဒါ ပိုင်​ရှင်​အသစ်​​တွေက
မေ​မေတို့ကို နှင်​ထုတ်​ရင်​ ဘယ်​လိုလုပ်​မလဲ"

သူဒူး​ထောက်​ထိုင်​ထားရာမှ
ဖင်​ထိုင်​ရက်​ဖြစ်​သွားရသည်​။

ဟုတ်​ပါရဲ့။
အဲ့ပိုင်​ရှင်​​သစ်​တွေက သူတို့ သားအမိကို
နှင်​ထုတ်​ပစ်​လိုက်​ရင်​ ဘယ်​လိုလုပ်​ကြမလဲ။

အာ ဒါ​ပေမယ့်​။

"ဟာ ​မေ​မေကလည်း
နှင်​ထုတ်​စရာလား။သားတို့အခု​နေ​နေတဲ့
ဒီခြံနဲ့မှမဆိုင်​တာ။"

သူ ၀မ်းသာအားရ​ပြောလိုက်​​ပေမယ့်
မေ​မေက​တော့ မပြုံးခဲ့ပါ။

"ဒီခြံပိုင်​ရှင်​​တွေကလည်း
ခြံကို​ရောင်းပြီး​ပြောင်းကြမှာတဲ့ "

"ဗျာ "

မပြည့်​စုံမှုရဲ့ ထိုးနှက်​မှုကို ငယ်​ငယ်​ကတည်းက
သူအလူးအလဲခံစားခဲ့ရသည်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now