၂၉

2K 331 77
                                    

"ကိုကို.....၊"

အလုပ်​မှပါလာသည့်​ဖိုင်​တွဲများကို
စစ်​​ဆေး​နေရာက ​မော့ကြည့်​လိုက်​​တော့၊

က​လေးက သူ့နားမလှမ်းမကမ်းမှာ
မတ်​တပ်​ရပ်​လျက်​။

အကြာကြီးငိုထားတာမို့ မို့အစ်​​နေ​တဲ့
မျက်​ခွံ​လေး​တွေနဲ့ နှာဖျား​လေး​တွေကလည်း
နီ​ဖျော့​ဖျော့။

ကျောင်းသွားချိန်​​ကျော်​သွားတာမို့
ကျောင်းကိုခွင့်​လှမ်းတိုင်​လိုက်​ရသလို။
သူသည်​လည်း ဒီ​နေ့အတွက်​အနားယူလိုက်​ရသည်​။

နှစ်​​ယောက်​တည်းအိမ်​မှာ​အေး​ဆေး​နေချင်​လို့။

အလုပ်​သမား​တွေကိုလည်း 
ဒီ​နေ့နားရက်​​ပေးလိုက်​ပြီး
အလည်​အပတ်​အတွက်​ ခွင့်​ပြုလိုက်​သည်​။

"ကိုကို ကျွန်​​တော်​အိပ်​မလို့၊ခိုင်းစရာရှိရင်​​ခေါ်လိုက်​​နော်​။"

မျက်​နှာရှုံ့မဲ့မဲ့နဲ့ က​လေး​ကြောင့်
သူလက်​ထဲက ဖိုင်​တွဲကိုချလိုက်​ပြီး။

"အိပ်​မလို့??
ဒီအချိန်​ကြီး။"

နာရီကိုကြည့်​မိ​တော့မနက်​ဆယ်​နာရီ​ကျော်​ရုံသာ
ရှိ​သေးသည်​။

"အင်း၊​ခေါင်းကိုက်​​နေလို့၊"

နားထင်​​လေးကိုဖိပြီး​ပြောလာသည့်​အခါ
သူ့စိုးရိမ်​စိတ်​တို့ကအစိုးမရနိုင်​​တော့။

"လာအုံး။ဒီနားကို။"

အနားသို့တ​ရွေ့​ရွေ့တိုးလာ၍ သူ့​ဘေးနားမှာလာထိုင်​သည်​။

"ဖျားလည်းမဖျားပါဘူး။"

နဖူး​လေးကိုစမ်းကြည့်​လိုက်​​တော့
ကိုယ်​လည်းမပူ။
ဘာများဖြစ်​လို့ပါလိမ့်​။

"အရမ်းကိုက်​​နေတာလား၊​ဆေးခန်းသွားမလား။"

ခေါင်းအသာယမ်းပြ​လေသည်​မို့။

"လာ၊ဒီမှာအိပ်​။"

ပခုံးကိုဆွဲ၍ သူ့​ပေါင်​​ပေါ်လှဲ​စေသည်​။

နားထင်​​ကြော​လေးကိုအသာဖိနှိပ်​​ပေးသည့်​အခါ
မျက်​လုံး​လေးမှိတ်​၍ ငြိမ်​သက်​​နေသည်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now