၂၇

2K 289 11
                                    

မျက်​လုံးစုံမှိတ်​၍
နာကျင်​စူးရှမှုကို​စောင့်​ဆိုင်း​နေရင်း

"​မေ​မေ..ကိုကို့ကို မရိုက်​ပါနဲ့။"

ကပြာကယာ ​အော်​တားမိလိုက်​သည်​။

"သား....ဒါဘာလုပ်​တာလဲ။ဖယ်​။"

မေ​မေက အချိန်​မှီ အရှိန်​​လျှော့လိုက်​ရပြီး
သူ့ကို​ဘေးသို့ အသာတွန်းထုတ်​လာသည်​။

ထို့​နောက်​ ကိုကို့ကုတ်​အင်္ကျီစကို
မိမိရဖမ်းကာဆွဲရင်း၊

"မင်း ဘာလို့ ဒီ​လောက်​လိမ်​ခဲ့တာလဲ...ဟမ်​.....
အိမ်​​ထောင်​ရှိရက်​နဲ့ ငါ့သားကို ဘာလို့
အငယ်​အ​နှောင်းဘ၀​ရောက်​​အောင်
လုပ်​တာလဲ။"

ဆွဲရမ်းခါ၍ ​မေ​မေငို​ပြောသည့်​အခါ
သူသည်​လည်း မျက်​ရည်​များပြွတ်​သိပ်​လာခဲ့ပြီး

"​မေ​မေ....​တော်​ပါ​တော့....လွှတ်​လိုက်​ပါ​တော့။"

ကိုကိုက မရုန်းမပြုနဲ့ ပြုသမျှ ခံ​နေ​ပေမယ့်
သူ့ရင်​ထဲ​တော့ ဗ​လောင်​ဆူ​နေသည်​။

သူအချစ်​ဆုံးလူနှစ်​​ယောက်​ကို ဒီလိုမြင်​ရတာဟာအင်​မတန်​မှ ရင်​ထဲနာကျင်​လှသည်​။

"Cai က ငါ့အတွက်​ ဘယ်​လိုသားမျိုးလဲ...
မင်းသိရဲ့လား...ဟင်​.......
ငါ့သား​လေး ​ပျော်​သလို​နေပါ​စေဆိုပြီး
လွှတ်​ထားခဲ့တာ ဒီလိုဘ၀​ရောက်​ဖို့်​မှမဟုတ်​တာ။"

ဆွဲရမ်းတွန်းထိုး​နေရင်းက ​မေ​မေအား​ပျော့လာသည်​။

"​မေ​မေ.....မလုပ်​ပါနဲ့​တော့။"

မနီးမ​ဝေးအ​နေအထားက
အိမ်​၀န်​ထမ်းတစ်​ချို့ကို သူမြင်​လိုက်​ရသည့်​အခါ
ကိုကို့ဂုဏ်​သိက္ခာအတွက်​ စိုးရိမ်​သလို
ရှက်​လည်းရှက်​လာသည်​။

မေ​မေ့လက်​​ကောက်​၀တ်​ကိုသူဆုပ်​ကိုင်​ယူ၍ပါ
တားလိုက်​မိသည့်​အခါ
မေ​မေက သူ့အားငဲ့​စောင်းကြည့်​လာခဲ့သည်​မို့

"​မေ​မေ...​ကျေး....ဇူး....ပြု...ပြီး...."

အသံထွက်​ရုံဆိုကာ ​ခေါင်းခါတားမိ​တော့သည်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now