၃၂

1.5K 237 19
                                    

"လာလေ ကလေး။"

အခန်းဝ၌ ရပ်​ကျန်​နေသော သူ့ကို ကိုကိုလှည့်​ခေါ်ပါ၏

အခန်းတွင်းသို့ အခြေချလိုက်​သည်​နှင့်
ဆေးနံ့တွေက နှာခေါင်းထဲ တိုးဝင်​လာ၏။

ကုတင်​ဘေး ခုံပုတွင်​ ကိုကိုက ဝင်​ထိုင်​လိုက်​သည်​မို့
ကိုကို့ဘေးနေရာမှာ သူရပ်​မိသည့်​အခါ
ကုတင်​ပေါ်၌လှဲလျောင်းနေသော
ဖြူ နု ပိန်​လှီသော ခန္ဓာကိုယ်​ကို မြင်​ရတော့သည်​။

ဒါ ကိုကို့ အားနည်းချက်​တဲ့လေ။

"မေမေ ။"

ကိုကို့ခေါ်သံကြားသည့်​အခါ ထိုအမျိုးသမီးက
မျက်​လွှာနှစ်​ခုကို ဖြည်းဖြည်းသက်​သာ ဖွင့်​လာခဲ့ပြီး

"သား "

ကိုကိုက သူမ လက်​ကို ကိုင်​ကာ နှုတ်​ခမ်းဖျားဖြင့်
ထပ်​ကာ တလဲလဲ နမ်းရှိုက်​ပါသည်​။

"မေမေ နေသာရဲ့လား။"

သူမက ခေါင်းအသာညိမ့်​သည်​။
ထို့နောက်​ မျက်​ရည်​ကြည်​များရစ်​ဝိုင်းလာခဲ့ပြီး

"သားကြီးက မေမေ့ကို လာလာခေါ်နေတယ်​။"

သူကြောင်​အ သွားရသလို ကိုကို့ ခန္ဓာကိုယ်​ပါ
ဆတ်​ကနဲ တုန်​သွားပြီး

"အဲ့လိုတွေ မပြောပါနဲ့ မေမေရယ်​။
မေမေက ကျွန်​တော်​နဲ့ပဲ နေရမှာလေ။"

သူမ နဲ့ ကိုကိုကတော့ နှစ်​ဦးလုံးသိပြီးသား
အမှန်​တရားတစ်​ခုအတွက်​ ထုတ်​မပြောကြဘဲ
ငိုကြွေးနေမြဲပင်​။
ထို့နောက်​ သူမက တစ်​စုံတစ်​ရာကို သတိရသွားဟန်​ဖြင့်

"သား
ချွေးမလေးရော မပါဘူးလာဘူးလား။"

ဒီတစ်​ခါ တုန်​လှုပ်​ရသူက ကျွန်​တော်​ဖြစ်​သည်​။

ကိုကိုက သူ့ဘက်​ကို အားတုံ့အားနာကြည့်​လာသည့်​အခါ သူမျက်​နှာ လွှဲလိုက်​မိသည်​။

"ဟုတ်​ မပါဘူးမေမေ။
သူ နေသိပ်​မကောင်းဘူးလေ။"

သူ နောက်​ကိုအသာဆုတ်​လှမ်းမိသည်​။

ဒီနေရာက သူနဲ့ မသက်​ဆိုင်​သော။
တစ်​စုံတစ်​ဦးအတွက်​သာ သင့်​လျော်​သော နေရာ။

Little Rose [နှင်းဆီနီ]Where stories live. Discover now