2K 325 72
                                    

"ဒါက....ကျွန်​​တော့်​အတွက်​လား။"

မျက်​စိ​ရှေ့ ​ရောက်​လာ​သော စာအုပ်​​ပေါ်မှ
အချိန်​ဇယား​။

"ဟုတ်​တယ်​ က​လေး။
က​လေးအတွက်​ ကိုယ်​ ဆရာ​တွေငှါးပြီးပြီ။"

သူအံ့အားသင့်​သွားသည်​။

"အချိန်​​တွေက ​ကျောင်းချိန်​​တွေပါလား။"

သူ​ရေရွတ်​မိတဲ့အချိန်​မှာ
ကိုကိုက တစ်​ဖက်​လှည့်​၍ ဖုန်း​ပြော​နေသည်​။

သူ အချိန်​ဇယားကို ​သေချာကြည့်​​နေမိသည်​။

"ဟုတ်​တယ်​ က​လေး။
က​လေး​ကျောင်းသွားစရာမလိုဘူး။
ကိုယ်​အားလုံး စီစဉ်​ပြီးပြီ။
အိမ်​မှာသင်​ပြီး သွား​ဖြေရုံပဲ။"

ဖုန်းကိုကိုင်​ထားရက်​ဖြင့်​ ထမင်းစားပွဲကထကာ
ကုတ်​အင်္ကျီကို ဆွဲယူသည်​။

ကျောင်းတက်​စရာမလိုဘူးတဲ့လား။
အံ့အားသင့်​​ပေမယ့်​ သူသိပ်​​တော့လည်း
အံ့သြမိမ​နေပါ။

ကိုကို့အ​ခြေအ​နေနဲ့ဆိုရင်​ ဒီ​လောက်​က​တော့
စာဖွဲ့မ​နေ​လောက်​ဘူးဆိုတာ သူသိသည်​။

"​နောက်​နာရီဝက်​ကျရင်
အင်္ဂလိပ်​ဆရာလာလိမ့်​မယ်​။
ရေသွားချိုးပြီးပြင်​ဆင်​​တော့။
ကိုယ်​ လည်း ရုံးသွား​တော့မယ်​။"

"အဲ....ဟုတ်​...ဟုတ်​။"

သူမတ်​တပ်​ရပ်​ကာနှုတ်​ဆက်​သည့်​အချိန်​မှာ
ကိုကိုက ထမင်းစားခန်းအပြင်​သို့ ထွက်​သွား​လေပြီ။

သူသက်​ပြင်းကိုမှုတ်​ထုတ်​လိုက်​ပြီး

"အား....ကျဉ်းကျပ်​လိုက်​တာကွာ။"

ဆံပင်​​တွေကို ရှုပ်​ဖွပစ်​လိုက်​သည်​။

//////////// နှင်းဆီနီ /////////////////

"က​လေး။"

စားပွဲမှာ စာ​ရေး​နေရာက
သူ့ကိုယ်​​လေး မတ်​ကနဲဖြစ်​သွားသည်​။

အခုမှ ရုံးမှ ပြန်​လာပုံရ​သော ကိုကိုသည်
အ၀တ်​အစားပင်​မလဲဘဲ
သူ့အခန်းထဲဝင်​လာ​လေသည်​။

"ကိုကို ပြန်​လာပြီလား။"

ရယ်​မြူးဟန်​ပြကာ နှုတ်​ဆက်​​ပေမယ့်
ကိုကိုက မျက်​နှာတည်​​လေသည်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now