၁၁

2.1K 329 55
                                    

"ချစ်​လို့ နမ်းတာကို ထွက်​မ​ပြေးရဘူး​လေ။"

သူ့ပါးပြင်​သည်​ ပူထူလာကာ
တစ်​ကိုယ်​လုံးနီးပါး ​ချွေးစို့လုနီးနီး။

"ခဏ၊ ​နေဦး၊ ဒီမှာ လူ​တွေနဲ့။"

ဘာမှမဆိုနိုင်​ဘဲ ငြိမ်​သက်​​နေ​သော သူ့အား
ကိုကိုက ပခုံးမှ ထိန်း​ပွေ့ယူသည်​။

ယိုင်​ချင်​တင်​တင်​ ​ခြေလှမ်းကို ထိန်းပြုလှမ်းကာ
လိုက်​ပါရာမှ

/ ချစ်​လို့တဲ့လား။ /

သူ့အ​တွေးတို့အား ကြီးစိုး​နေဆဲ စကားသံ။

"​ရော့၊​သောက်​လိုက်​။"

လူရှင်းသည့်​ တစ်​​နေရာ၊
သစ်​ပင်​​တွေအုပ်​ဆိုင်း​နေ​သော အရိပ်​​အောက်
ခုံရှည်​တန်းမှာ ခပ်​ကုတ်​ကုတ်​ထိုင်​​နေ​သည့် ​သူ့ထံ
အ​အေးတစ်​ဗူး လှမ်းလာပါ၏။

ခေါင်းငုံ့လျက်​ အ​နေအထားမှ အသာယူကာ
တစ်​ကျိုက်​​မော့​သောက်​မိသည်​။

"လန့်​သွားလား။ "

နံ​ဘေးမှာ ထိုင်​ကာ သူ့မျက်​နှာကို ​စေ့စူး​နေမှန်း
သူအလိုလိုသိ​နေသည်​၊

လန့်​သွားတယ်​မဟုတ်​​ပေမယ့်​။
တိတ်​တဆိတ်​​မျှော်​လင့်​​နေခဲ့မိ​ခြင်းက
ဒီ​လောက်​ထိ အမြင့်​ကြီးမဟုတ်​ခဲ့ပါ။

"​တော်​ပါ​သေးရဲ့ကွာ။
အနမ်းခံရပြီး သတိမလစ်​သွားလို့။"

ခပ်​​ပေါ့​ပေါ့ဆိုလာ​သော စကား​ကြောင့်
သူနှုတ်​ခမ်းလွှာကို ဖိကိုက်​လိုက်​မိသည်​။

ရင်​​တွေတုန်​လာကာ ​ချွေး​စေး​တွေပြန်​​နေခဲ့သည့်
ကိုယ့်​အဖြစ်​။

"ကိုယ့်​ဆီက အနမ်း​ခံရလို့
ထွက်​​ပြေးတာ မင်း​လေးပဲရှိတယ်​၊
အဟက်​ဟက်​။"

ဒီတစ်​ကြိမ်​မှာ​တော့
သူ​ကျော​ပါ တောင့်​လိုက်​မိသည်​။

သူပဲရှိ​တယ်​ဆို​တော့???
အခြားသူ​တွေက
ထွက်​မ​ပြေးဘူးဆိုတဲ့သ​ဘော​ပေါ့။

နေပါဦး၊
ကိုကိုက ဘယ်​နှ​ယောက်​ကို နမ်းခဲ့ဖူးလို့လဲ။

Little Rose [နှင်းဆီနီ]Where stories live. Discover now