၂၅

1.8K 329 18
                                    

သူ့နှုတ်​ခမ်းများထံအိစက်​နူးညံ့မှုဖိကပ်​ခံလိုက်​ရပြီး

"က​လေး။"

ကိုကို့ရင်​ဘတ်​ကိုတွန်း၍ ​ခေါင်းကိုတိမ်းကာ
ရှောင်​လိုက်​သည်​။

"ကိုယ့်​ကို ခွင့်​မလွှတ်​နိုင်​ဘူးလားဟင်​။"

သူမျက်​နှာလွှဲလိုက်​မိသည်​။

"ပြန်​ချင်​ပြီ။"

နေရာမှထွက်​လာခဲ့မိသည်​။

//////////////

စာအုပ်​ကြားထဲညှပ်​ထားမိ​သော ပန်း​ခြောက်​က​လေး။
ရဲစိုစိုအ​ရောင်​က​လေးမှသည်
ခြောက်​​သွေ့သွားသည့်
ညို​ခြောက်​​ခြောက်​အ​ရောင်​ဖြင့်​ ပန်​က​လေးအား
သူ့ရိုးတံ​ခြောက်​​လေးမှကိုင်​ယူကြည့်​မိသည်​။

ခြောက်​​သွေ့​နေတဲ့ အရှိန်​နဲ့ ၀တ်​လွှာ​တွေက
တစ်​စစီ​ကြွေကျန်​​နေခဲ့​လေသည်​။

သူ့ဘ၀​လေးလို​ပေါ့၊
ဘယ်​​လောက်​ပဲ အမြတ်​တနိုးသိမ်းထားခံရတယ်​ဆိုဆို
တစ်​စစီပဲ့​ကြွေသွားရတာပဲ မဟုတ်​လား။

အရာရာကိုအပ်​နှင်းနာခံထားပါလျက်
သစ္စာ​ဖောက်​ခြင်းမမည်​​သော လိမ်​လည်​ခြင်း၊

ဘာ​ကြောင့်​လက်​ထပ်​ခဲ့ရသလဲကိုကို။
အ​ကြောင်းပြချက်​​ပေးမှာလား၊
ဒါမှမဟုတ်​၊က​လေးကို ပိုချစ်​တာပါဆိုပြီး
နှစ်​သိမ့်​မှာလား။
ကျွန်​​တော်​မယုံရဲဘူးကိုကို။

ကျွန်​​တော့်​ကိုချစ်​တယ်​ဆိုတာကို မယုံတာမဟုတ်​ဘူး။
ကျွန်​​တော်​​စိတ်​ချမ်းသာ​အောင်​ ထပ်​လိမ်​​နေမှာစိုးတာ။

ကိုကိုမရှိတဲ့​နေ့ရက်​တိုင်းမှာ
ကျွန်​​တော်​​သေ​လောက်​​အောင်​ လွမ်းခဲ့​ပေမယ့်
ကိုကိုက​တော့ ကိုကို့မိသားစုအစစ်​အမှန်​နဲ့
ပျော်​​နေရမှာပါပဲ​နော်​၊

ကိုကို့ဆီ ဖုန်းဆက်​မိတဲ့အခါ
တစ်​ခါကိုင်​ဖူးတဲ့မိန်းက​လေးက
ကျွန်​တော်​ထင်​သလို အတွင်း​ရေးမှူးမဟုတ်​ဘဲ
ကိုကို့ဇနီးများလား၊
ဒါ​ကြောင့်​ ကိုကို့ဖုန်းထဲက ကျွန်​​တော့်​ကိုယ်​စား
အမည်​နာမက က​လေးမဟုတ်​ဘဲ
Cai ဖြစ်​​နေတာ​ပေါ့၊

Little Rose [နှင်းဆီနီ]Where stories live. Discover now