၂၀

1.8K 326 26
                                    

"ဟင့်​အင်း။မဟုတ်​...ဘူး...ကိုကို။"

ခေါင်းခါငြင်ဆန်​မိတာ ဘယ်​နှကြိမ်​မှန်းမသိ။
ကိုကို့ရဲ့​ဒေါသမျက်​၀န်း​တွေ
အ​ရောင်​​ဖျော့လာမလား ​မျှော်​လင့်​လျက်
ခပ်​တိုးတိုး​ရေရွတ်​မိ​နေခြင်း။

"သား။Cai"

ပခုံးတို့အား တို့ထိ သတိ​ပေး​လေ​သော
အထိအ​တွေ့တို့ဖြင့်​ သူမျက်​၀န်း​တွေပွင့်​လာသည်​။

"အိပ်​မက်​မက်​​နေတာလား။"

ရင်​တုန်​စွာဖြင့်​ ကတိုက်​ကရိုက်
ထကာထိုင်​ရသည်​။

"​ဒေါ်​လေး။ကိုကို​ရော။"

တစ်​ကိုယ်​လုံးနုံးချိကျန်​​နေခဲ့ပြီး
အင်းအား​တွေဆုတ်​ယုတ်​သွားသလိုခံစားရသည်​။

အိပ်​မက်​ဖြစ်​​နေ၍ ​တော်​​သေးသည့်​ဟု
ထပ်​တလဲလဲ​ကျေးဇူးတင်​ရင်း
ကိုကို့အခန်းထဲ ထ​ပြေးဖြစ်​သည်​။

ဒေါ်​လေး​ခေါ်သံ​တွေလည်း သူဂရုမပြုနိုင်​​တော့ပါ။

"ကိုကို။"

အခန်းတံခါးကို တွန်းဖွင့်​သည့်​အခါ
ကုတင်​​ပေါ် လဲလျက်​သား ဖုန်း​ပြော​နေသည့်​ကိုကို။

သူ့ကိုမြင်​​တော့ ဖုန်းကိုချလိုက်​ပြီး

"ဘာဖြစ်​လို့လဲ။က​လေး။"

ငုတ်​တုတ်​ထိုင်​ကာ
ကုတင်​​ပေါ်မှ​ခြေဆင်းထိုင်​လိုက်​သည်​မို့။

"ကိုကို။"

ခပ်​တိုးတိုး​ရေရွတ်​ကာ
မတ်​တပ်​ရပ်​​အ​နေအထားဖြင့်
လည်​တိုင်​ကို ဖက်​သွယ်​ပစ်​လိုက်​သည်​။

"​ဟော။ဘာဖြစ်​လာတာတုန်း က​လေးရဲ့။"

အ​မေးစကားဖြင့် အံ့သြ​ပေမယ့်
သူ့​ကျောပြင်​သို့ ​ပွေ့ဖက်​လိုက်​​သော လက်​ဖ၀ါးများ။

"ကျွန်​​တော်​ အိပ်​မက်​ဆိုးမက်​လို့။"

အိပ်​မက်​ကိုစဉ်းစားလိုက်​သည်​နှင့်
နင့်​​နေ​အောင်​၀မ်းနည်းရသည်​။

ဆုပ်​ခါခံထားရ​သော ပခုံးများက
အပြင်​လက်​​တွေ့မှာ​တောင်​ နာကျင်​​နေသ​ယောင်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now