၁၉

1.8K 309 42
                                    

"ဒီည ကိုယ်​နဲ့ အိပ်​ပါ။"

သူနားကြားမှားသွားသလားဟု ​တွေး၍ပင်
ကြောင်​အ ငြိမ်​သက်​​နေမိသည်​။

သတိကပ်​လာသည့်​အခါ
သူအတင်းရုန်းကန်​ထပစ်​လိုက်​တာမို့
အငိုက်​မိသွားသည့်​ ကိုကို့လက်​များ
ပြေ​လျော့သွား​လေသည်​။

"ဟင့်​အင်း​။ဟင့်​အင်း။"

ကုတင်​​ပေါ်မှာ လှစ်​ကနဲ ​ပြေးဆင်းသည့်​အခါ
ခြေချင်းလိမ်​မိ၍ ခလုတ်​တိုက်​လဲ​တော့သည်​။

"အာ့။"

"နာသွားလားက​လေး။"

ကုတင်​​ဘေးငုတ်​တုတ်​လဲရက်​သား သူ့နားသို့
ကိုကိုက အ​ပြေးလာထူသည်​။

အောင့်​သွား​သော ဒူး​ခေါင်းနားကို လက်​ဖြင့်​ပွတ်​၍

"မနာဘူး။ မနာဘူး။ ဘာမှမဖြစ်​ဘူးကိုကို။
ကျွန်​​တော်​သွား​တော့မယ်​။"

သူ့ပခုံးကို ထိကိုင်​ဆွဲမထူသည့်​ ကိုကို့လက်​များမှ
အလွတ်​ရုန်းကာ ထ​ပြေးမိ​တော့သည်​။

"က​လေး။"

အခန်းတံခါးကို ဆွဲဖွင့်​ခါနီး သူရပ်​တန့်​မိရသည်​။

"ကိုကို ​ခေါ်​နေတယ်​​လေ။ကိုယ့်​ကိုကြည့်​။"

မလွန်​ဆန်​နိုင်​တဲ့ အ​နေအထားမို့
သူစိတ်​ပျက်​စွာနဲ့ပဲ
ကျောခိုင်းရက်​အ​နေအထားက​နေ
ကိုကို့ဘက်​ကို လှည့်​ကြည့်​မိသည်​။

"ဗျာ၊ကိုကို။"

ကိုကိုက ကုတင်​တွင်​ထိုင်​ကာ ​ခြေချိတ်​လိုက်​ပြီး

"က​လေး ဒီမှာ မအိပ်​ချင်​ဘူးလား။"

"ဟုတ်​။"

သူ​ခေါင်း​လေးအသာငြိမ့်​ပြလိုက်​သည်​။

"ဒါဆို က​လေးအခန်းကို သွားရ​အောင်​။"

"ဗျာ။"

ကိုကိုဘာ​ပြောချင်​သည်​လဲ သူနားမလည်​။
ခေါင်း​လေး​စောင်းကာ စဉ်းစား​နေမိသည်​။

"က​လေးဒီမှာ မအိပ်​ရင်​ က​လေးအခန်းမှာ
ကိုကို လိုက်​အိ​ပ်​မယ်​။"

Little Rose [နှင်းဆီနီ]Where stories live. Discover now