၁၃

2K 346 80
                                    

"​ဒေါ်​လေး၊
ကိုကိုက ​ဆွေမျိုး​တွေမရှိဘူးလားဟင်​။"

ဟင်းရွက်​​တွေ​ဆေး​ကြော​နေ​သော ​ဒေါ်​လေးကို
သူမရမက၀င်​ကူရင်း ​မေး​နေမိသည်​။

တကယ်​က ကူ​နေတာမဟုတ်​ပါ။
စကား​ပြောချင်​လို့ ဥာဏ်​ဆင်​ခြင်းဖြစ်​သည်​။

"ဘာလို့လဲ၊ Cai ရဲ့။"

ဟင်းရွက်​​တွေကို ပြန်​ချလိုက်​ကာ

"ကိုကို​ပြောသံမကြားလို့။"

တကယ်​လည်း သူအခုထိ ကိုကိုနဲ့ပက်​သက်​ပြီး
ဘာမှမသိ​သေးတာအမှန်​ပင်​ဖြစ်​သည်​။

"အဟင်း။"

ဒေါ်​လေးက သက်​ပြင်းချ၍

"ZiYi က မိဘ​တွေနဲ့အဆင်မေ​ပြဘူး Cai ရဲ့။"

စိတ်​မ​ကောင်းစွာ ​ပြောလာ​သော​ဒေါ်​လေး။

ကိုကို့ပုံစံကလည်း လိမ်​မာတဲ့ပုံပါပဲ။
ဘာလို့အဆင်​မ​ပြေတာလဲဆိုတာ
သူ​တွေးကြည့်​လို့မရဖြစ်​​နေသည်​။

"ဘာလို့လဲဟင်​။"

စပ်​စုတယ်​လို့မယူဆ​စေလိုပါ။

"မိသားစုပြသနာဆို​တော့ ​ဒေါ်​လေးလည်း
ရေ​ရေရာရာ ​တော့မသိဘူးကွဲ့။"

သူမျက်​လွှာချမိလိုက်​သည်​။
ကိုကို့အ​ကြောင်း သူသိခွင့်​မရှိဘူးတဲ့လား။

"ဒါ​ပေမယ့်​ 
ဒေါ်​လေး ​သေချာသိတာတစ်​ခုက​တော့။"

ဒေါ်​လေးကို သူ့လက်​တို့အား လာဆုပ်​ကိုင်​သည်​။

"ZiYi က Cai ကို တကယ်​ချစ်​တယ်​ဆိုတာပဲ။"

သူ့မျက်​နှာတစ်​ခုလုံး ရှိန်းရှိန်းပူထူလာကာ

"ဟာ....​ဒေါ်​​လေး ကလည်း။"

သူမျက်​လွှာချမိလိုက်​သည်​။

"တကယ်​​ပြောတာ။
Cai ​ရောက်​လာမှ Cai ကိုကိုက ​ပျော်​လာတာ။
Cai ကပဲ သူ့ကို ​ပျော်​ရွှင်​​စေတာ။"

ဒီလိုဆို​တော့လည်း သူ့တစ်​ကိုယ်​လုံး
တိမ်​​တွေ​ပေါ်​ရောက်​​အောင်
မြင့်​တက်​သွားသလိုပင်​။

ကြည်​နူးမှုအတိနဲ့ သူ​ပျော်​မဆုံး​တော့​ပေ။

"Cai..."

Little Rose [နှင်းဆီနီ]Where stories live. Discover now