၂၆

2K 315 23
                                    

"က​လေးက ကျွန်​​တော့်​ကို မယုံဘူးဖြစ်​​နေတယ်​။"

တစ်​ဖက်​က သက်​ပြင်းချသံကို ဖုန်းထဲကတစ်​ဆင့်
ကြားလိုက်​ရသည်​။

"သူက တအားဖြူစင်​တယ်​။
ကျွန်​​တော်​အိမ်​မှာ ​တောက်​​လျှောက်​ မရှိတာ​တောင်
တစ်​စက်​မှ သံသယမ၀င်​ခဲ့ဘူး။"

လက်​ထဲက စီးကရက်​ကို ရှိုက်​ထုတ်​လိုက်​မိသည်​။

"အခုလည်း....သူ့စိတ်​ထဲမှာ
ကျွန်​​တော်​က တစ်​ဖက်​လူကို
သူ့လိုပဲဂရုစိုက်​​နေမယ်​ ကြင်​​နာ​နေမယ်​ထင်​ပြီး
ပင်​ပန်း​နေတာ။"

စီးကရက်​မီးကို
ဖန်​ပန်​ကန်​ပြားထဲထိုး​ချေ​ပစ်​လိုက်​ပြီး
ခုံ​ပေါ်တင်​ထားသည့်​ 
ခြေ​ထောက်​​တွေကို ပြန်​ချလိုက်​ရင်း

"ကျွန်​​တော်​ရှင်းပြရင်​​တောင်
သူက သူစိတ်​ချမ်းသာ​အောင်​ လိမ်​​နေတယ်​ထင်​မှာ။"

"ကျွန်​​တော့်​နားမှာ မရှိချင်​တဲ့အထိ
သူပင်​ပန်း​နေမှာ မကြည့်​ရက်​ဘူး။
ဘယ်​နည်းနဲ့မှ အဆုံးရှုံးမခံနိုင်​ဘူး။"

ခါးမှာပတ်​ထားသည့်​သဘတ်​ဖြူ​လေးကို
ဘေးက ခုံ​ပေါ်ကို ပုံထားလိုက်​သည်​။

"ဒါ​ကြောင့်​၊မျက်​နှာပူစရာ​ကောင်း​ပေမယ့်
အကူအညီ​တောင်းပါတယ်​။"

End call ဖြစ်​သွားတဲ့ဖုန်း​လေးကို
ခုံ​ပေါ်​​တင်​ထားခဲ့လိုက်​ပြီး
အပြာနု​ရောင်​ဖြင့်​ကြည်​လဲ့​သော ​ရေကန်​ထဲ​သို့
ဝုန်းကနဲ ဆင်းသက်​သွား​လေသည်​။

အ​ပေါ်ထပ်​အခန်းပြတင်းက
လိုက်​ကာစ​လေးက​တော့ လွင့်​ကနဲခါသွား​လေရဲ့။

/// ကိုကို ဘယ်​သူနဲ့​ပြော​နေတာလဲ ///

////////////

"က​လေး၊"

လက်​ဖျား​လေးကို ​ထွေးဆုပ်​မိသည့်​အခါ
မော့ကြည့်​လာတဲ့မျက်​၀န်း​လေး​တွေ၊

"​ရောက်​​နေတာကြာပြီလား၊"

အသံရှင်​က သွက်​လက်​စွာပင်​ သူတို့ရှေ့ခုံသို့
ဝင်​ထိုင်​လာသည်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now