2.1K 304 52
                                    

"ကိုကို..... ပြန်​မလာ​သေးဘူးတဲ့လားဟင်​...."

ဒေါ်​​လေးက ဖုန်းခွက်​ကိုချလိုက်​ပြီး

"ကြာဦးမယ်​တဲ့၊"

မျက်​နှာမ​ကောင်းစွာ ​ပြောလာ​သော ​ဒေါ်​လေးကို
သူပြုံးပြလိုက်​မိပြီး၊

"ဟုတ်​၊
ကျွန်​​တော်​ စာသွားကျက်​​တော့မယ်​​နော်​၊"

စာအုပ်​​တွေကို ​ပွေ့ကာ ခြံထဲဆင်းလာလိုက်​သည်​။

သူစာကျက်​ဖို့ ပြင်​ဆင်​​ပေးထားသည့်
ခြံထဲက အဆောင်​​လေးထဲ ၀င်​လိုက်​ကာ
စိတ်​ပျက်​လက်​ပျက်​ထိုင်​လိုက်​မိသည်​။

စာရွက်​တွေကို တစ်​ရွက်​ချင်းလှန်​လိုက်​ပြီး
သူအာရုံ​တွေကို စုစည်းလို့မရနိုင်​ဖြစ်​ရသည်​။

// လွမ်းလိုက်​တာ //

ခပ်​တိုးတိုး​ရေရွတ်​မိသွားသည်​။

ဒီအိမ်​ကို သူ​ရောက်​​နေတာ ၆ လပင်​ရှိပြီ။
ဒါ​ပေမယ့်​ ​ပျော်​ရွှင်​​နေရဲ့လား​မေးရင်
သူမ​ဖြေတတ်​ပါ။

မေ​မေ့ကိုဖုန်းဆက်​သည့်​အခါ
ပျော်​​နေပါတယ်​လို့ လိမ်​ရတာလည်း အခါခါ။

သူပြန်​ချင်​သည်​။
ဒါ​ပေမယ့်​ ကိုကို့ကို​တွေးမိသည့်​အခါ
ပြန်​ချင်​စိတ်​က ကင်းမဲ့သွားပြန်​သည်​။

သူသ​ဘောကျသည်​။
ကိုကို့ဂရုစိုက်​မှု​တွေကို သူလိုချင်​သည်​။

ရံဖန်​ရံခါ ရတတ်​သည့်​ ကြင်​နာတဲ့မျက်​၀န်း​တွေ၊
စကားချိုချို​လေး​တွေ သူ​သ​ဘောကျသည်​။

တစ်​ပတ်​ကို သုံးရက်​​လောက်​သာ
ဒီမှာရှိတတ်​သည့်​ ကိုကိုက
ခရီးအမျိုးမျိုးသွားရ​လောက်​​အောင်
အလုပ်​များသည်​။

ကိုကိုမရှိတဲ့ ရက်​​တွေမှာ သူအရမ်းပင်​ပန်းသည်​။
ကိုကိုရှိ​နေတဲ့အခါ စကား​ပြော​ဖော်​မရ​ပေမယ့်
ကိုကို အိမ်​မှာရှိ​နေသည့်​အသိနှင့်​ပင်
သူ့အတွက်​ ​ပျော်​စရာဖြစ်​​နေတတ်​သည်​။

သူစာလုပ်​​နေသည့်​နားမှာ
ကိုကို စာဖတ်​ရင်း ထိုင်​​စောင့်​​ပေးတတ်​သည်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now