၁၄

1.9K 328 26
                                    

"ကိုယ်​ပြန်​သွားရမလား၊"

"ဟင့်​အင်း...အာ့.....အာ့...။"

အ​လောတကြီးထလိုက်​မိ​တော့
ကျဉ်​တက်​​နေတဲ့​ခြေ​ထောက်​​ကြောင့်
သူပြန်​ယိုင်​ကျသွားသည်​မို့။

"ဘာဖြစ်​တာလဲ၊က​လေး။"

ပခုံးနှစ်​ဖက်​ကို ဆုပ်​ကိုင်​လာကာ
ထိန်းမတ်​​ပေးလာ​သောကိုကို။

"​ခြေ​ထောက်​ကျဉ်​တယ်​၊ကိုကို။"

ကျဉ်​​နေတဲ့​ခြေ​ထောက်​တစ်​ဖက်​ကိုကြွကာ
သူငိုပစ်​ချင်​လာသည်​။

အရမ်းမုန်းတာပဲ။ခြေ​ထောက်​ကျဉ်​တာကို။

"ငြိမ်​ငြိမ်​​လေး ....ခဏနေ။က​လေး။"

စိုးရိမ်​တကြီးဖြစ်​​နေတဲ့ကိုကို့ကို သူကြည့်​ပြီး
ပြုံးမိသွားသည်​။

ကိုကိုက စိတ်​​ကောက်​​နေ​ပေမယ့်
သူ့ကို​တော့ဂရုစိုက်​သားပဲ။

"သက်​သာပြီလား။"

ကိုကို့မျက်​နှာကို​ငေး​နေမိတာနဲ့
ခြေ​ထောက်​ကျဉ်​​နေတာကိုပါ ​မေ့သွားခြင်း။

"ဟုတ်​။ကိုကို။"

ချောင်းတစ်​ချက်​ဟန့်​၍
သူ့ပခုံး​တွေကိုလွှတ်​​ပေးကာ
ချက်​ချင်း​ကျောခိုင်းပစ်​သည့်​ကိုကို။

စိတ်ကို​တောင်​ အစက​နေပြန်​​ကောက်​တာ။

"ကိုကို။"

ဘောင်းဘီအိတ်​ထဲ ထည့်​နှိုက်​ထားသည့်
ကိုကို့ရဲ့လက်​တစ်​ဖက်​က အင်္ကျီစ​လေးကို
အသာဆွဲလိုက်​မိသည်​။

"ကိုကို....လို့။"

တစ်​စက်​မှလှည့်​မလာပါ။
ဒီလိုဆို​တော့လည်း။

"ကိုကိုမကြိုက်​တာ​ ​နောက်​မလုပ်​​တော့ပါဘူး။
စကားမ​ပြောဘဲ​တော့ မ​နေပါနဲ့​နော်​။"

လက်​မောင်းကို လက်​ညှိုး​လေးဖြင့်
့်​ထိုးကာ ထိုးကာ ​ပြော​နေမိသည်​။

ဟောဗျာ လှည့်​မကြည့်​တဲ့အပြင်
သူ့ကို​ကျောခိုင်းထားရက်​ဖြင့်​ 
ရှေ့တစ်​လှမ်းတိုးသွားသည့်​သူ။

Little Rose [နှင်းဆီနီ]Where stories live. Discover now