2.3K 327 27
                                    

"ဒီနှင်းဆီပန်းထက်
ကျွန်​​တော်​ကပိုလှတယ်​လား။"

သူ ပြုံးမိကာ Wang ဆိုသူ ​ပေးခဲ့​သော
ပန်း​လေးကို ကိုင်​ကြည့်​​နေမိသည်​။

အိမ်​​​ရှေ့​ပေါက်​၀နားမှာ
သူစာကျက်​ဖို့ထိုင်​​နေခဲ့တာကြာပြီဖြစ်​သည်​။

သို့​သော်​ မကျက်​ဖြစ်​။
မြို့ထဲသွားတဲ့ ​မေ​မေပြန်​လာပြီလားဟု
လမ်းမထက်​ဆီ ​မျှော်​​ငေးကြည့်​ရုံကလွဲရင်
သူ့အာရုံက ထိုနှင်း​ဆီပန်းတွင်​သာရှိသည်​။

စူးရှတောက်​ပသလိုဖြင့်​ ​နွေး​ထွေးကြင်​နာ​သော
မျက်​၀န်းများက သူ့အာရုံကိုဖမ်းစား​နေသည်​။

နှုတ်​ခမ်းတစ်​ဖက်​တွန့်​ကာ ပြုံးသွား​သော
မျက်​နှာအား မျက်​လုံးမှိတ်​၍
အာရုံထဲ ပြန်​မြင်​​ယောင်​​နေမိခြင်းမှာ
သူ​ပျော်​​မွေ့၏။

"အဟိ။"

သူရယ်​မိလိုက်​ပြန်​​လေသည်​။

"ခင်​ဗျား အရမ်းချစ်​တဲ့ပန်းထက်​ ကျွန်​​တော့်​က ပိုလှတာ​ပေါ့​လေ။"

သူ မှန်​တစ်​ချပ်​ကို​ပြေးယူမိရသည်​။

"ဘယ်​​နေရာကို ကြည့်​ပြီး​ပြောသွားတာလဲ။"

မှန်​ထဲမှာ ပြုံး​ယောင်​သန်း​နေ​သော
သူ့မျက်​နှာ၏ အစိတ်​အပိုင်းတစ်​ပိုင်းစီကို
ကိုင်​ကြည့်​​နေမိသည်​။

ဟာ....သိပြီ....နှုတ်​ခမ်း။
နှုတ်​ခမ်းကို ကြည့်​ပြီး​ပြောသွားတာလား။

ထိုစဉ်​မှပင်​ ​အောက်​နှုတ်​ခမ်းသားထူထူဖြင့်
စေ့တင်း​ပေမယ့်​ ပြုံး​ယောင်​သန်းသွားတတ်​​သော
ထိုလူ၏ နှုတ်​ခမ်းများကို မြင်​​ယောင်​လာပြန်​သည်​။

"အား!!!!!!!!"

သူ့အ​တွေးဖြင့်​သူရှက်​ကာ
မှန်​ကိုပစ်​ချ၍ ပက်​လက်​လှန်​အိပ်​ချပြီး
ရယ်​​နေမိပြန်​သည်​။

သူဘယ်​​တော့မှ မထင်​ခဲ့ပါ။
ယောက်ျားတစ်​​ယောက်​​ကြောင့်
သူဒီလို အရူးထမိလိမ့်​မည်​​ပေါ့။

"သား​လေး အ​မေ အိမ်​ရှာတာအဆင်​မ​ပြေခဲ့ဘူး"

အိမ်​သို့​ရောက်​​ရောက်​ချင်း ငြီးတွားကာ
အိမ်​​ပေါ်သို့ ထိုင်​ချလိုက်​​သော
မေ​မေ့​ကြောင့်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now